11

1.5K 141 6
                                    

ရှောင်ကျန့်အိပ်ယာကနိုးလို့မျက်လုံးလေးတွေပွင့်လာတယ်ဆိုရင်ပဲဒါဟာdaddy အိမ်ပါလားဆိုသည့်အတွေးဖြင့်ကြည်နူးရလေ၏။ထိုစဉ်ဘေးမှအသံကြားရသဖြင့်လှည့်ကြည့်ရာတပတ်တစ်ထည်သာခါးမှာပတ်ထားသည့်daddyကမှန်တင်ခုံရှေ့မှာမုတ်ဆိတ်ရိတ်နေ၏။ရုတ်တရက်daddyခန္တာကိုယ်ကကြွက်သားအမြောင်းမြောင်းတွေကသူ့ရင်ကိုတလှပ်လှပ်ဖြစ်စေပြီးရှက်ရွံလာလေ၏။သူဘယ်တုန်းကရှက်သွားတာလဲ။
ထိုစဉ်မှာပဲရိပေါ်ကလှည့်လာပြီး..

"ကိုယ့်ကလေးလေးနိုးပြီလား"

"အင်းနိုး နိုးပြီမျက်နှာသွားသစ်ဦးမယ်"

ရိပေါ်ကိုမျက်လုံးချင်းပင်မဆုံပဲရေချိုးခန်းထဲသို့ပြေးဝင်သွားခဲ့လေ၏။

"ငါ့ခန္တာကိုယ်ကထူးဆန်းလိုက်တာ။ဘာဖြစ်ပြန်တာလဲ၊ရှက်လွန်းလို့သေတော့မှာပဲ"

"Baby အကြာကြီးမလုပ်နဲ့နော်။အအေးပတ်နေမယ်"

အပြင်မှအော်နေတယ့်daddyကြောင့်သူလန့်သွားရပြန်၏။

"ကျွန်တော်ပြီးပါပြီ"

ရှောင်ကျန့်ရေချိုးခန်းထဲမှထွက်လာသောအခါရုတ်တရက် မျက်နှာကိုဆွဲယူပြီးနမ်းခံလိုက်ရလေသည်။ထိုအခါရှောင်ကျန့်မျက်လုံးလေးတွေဝိုင်းကာမျက်နှာလေးရဲလျှက်မော့ကြည့်လာတော့ရိပေါ်လည်းလန့်သွားကာ..

"ဘာ ဘာဖြစ်လို့လဲ။ကိုယ်နှုတ်ခမ်းမွှေးရိတ်တာမပြောင်လို့လား"

ရှောင်ကျန့်ကဘာမှမပြောပဲအခန်းထဲပြေးဝင်သွားခဲ့ရာ ရိပေါ်ကအနောက်မှလိုက်သွားပြီး..

"ဘာဖြစ်တာလဲ "

"ကျွန်တော်နားချင်တယ်"

"Daddy ကိုစိတ်ပျက်သွားပြီလား"

"အဲ့လိုမဟုတ်ပါဘူး"

"ဒါဆိုဘာလို့ရှောင်နေတာလဲ"

"ကျွန် ကျွန်တော်ဘာလို့မှန်းမသိဘူးdaddy ကိုရှက်နေလို့ပါ"

ဒါသွေးသားပြောင်းလဲမှုများလားဟုရိပေါ်တွေးမိပြီးတစ်ချက်ပြုံးလိုက်မိသည်။baby ကမရိုးနိုင်အောင်ပင်သူ့ကိုပြုစားနိုင်လွန်းပါသည်။

Be Witched  {Completed}Where stories live. Discover now