အလုပ်လုပ်နေရင်းဝင်လာသည့်ဖုန်းကိုကိုင်လိုက်တာကြောင့် ရိပေါ်လုပ်လက်စတွေရပ်တန့်သွားရသည်။
"ဟယ်လို ရိပေါ်ကြားရဲ့လား"
"ကြားပါတယ် Mr xiao"
"ငါ့သားကိုခုလိုချုပ်ကိုင်လို့မဖြစ်ဘူး။မဟုတ်ရင်ဖြတ်မရဖြစ်လိမ့်မယ်"
"Mr xiaoကသူစိတ်ကစားပြီးအမှာတွေလုပ်ခဲ့ရင်တစ်ချိန်နောင်တရမှာစိုးလို့ရည်ရွယ်ချက်နဲ့မဟုတ်လား"
"ဟုတ်တယ်လေ!"
"ဒါပေမယ့် သူကအခုစိတ်ကစားတာမဟုတ်ဘူးဆိုတာပေါ်လွင်နေပြီမဟုတ်လား။သူ့ကိုလွှတ်ပေးလိုက်ပါတော့လား"
"မင်း မင်းကငါ့သားကိုပေါင်းသင်းချင်စိတ်ဖြစ်နေတာလား"
"Mr xiao သိထားဖို့ကကျွန်တော်ကလူဆိုးမဟုတ်ဘူး။ကိုယ့်ကိုချစ်တဲ့လူတစ်ယောကိုဘာလို့မပေါင်းသင်းနိုင်ရမှာလဲ"
"မင်းပေါင်းနိုင်ပေမယ့် ငါမပေါင်းစေချင်ဘူး။ငါသူ့ကိုအများကြီးမျှော်လင့်ထားတာ"
"ကျွန်တော်ကစာချုပ်ကိုလက်ခံခဲ့ယုံပဲ တခြားပြောပိုင်ခွင့်မရှိပါဘူး။တစ်ခုတော့ရှိတယ်။သူကဖြူစင်တဲ့ကလေးပါ။သူ့ကိုစိတ်ဒဏ်ရာတွေမပေးပါနဲ့"
ရိပေါ်ဖုန်းချသွားသည်နှင့်..
"ဟ အံ့ဩစရာပဲငါ့သားကိုပေါင်းသင်းဖို့ကြံနေတယ်။တော်သေးတယ်ငါပြန်ခေါ်တာမြန်သွားလို့"
"ပါပါး!"
"သားလေး ဗိုက်ဆာလို့လား။ဘာလိုချင်လို့လဲပါးကိုပြော"
"ဘာမှမလိုချင်ဘူး။ဘာမှလဲမစားဘူး။ကျောင်းလဲမသွားဘူး။Daddy Wang ကိုယ်တိုင်ကျွေးမှစားမယ်။အဲ့တာလာပြောတာ"
'ဂျိန်း'
ထိုသို့ပြောပြီးအခန်းတံခါးကိုပိတ်ကာ ပြန်ဝင်သွားလေ၏။ရှောင်ကျန့်ဟာပြောထားသည့်အတိုင်းပင်ညစာလဲထွက်မစားတာကြောင့်အစ်မဖြစ်သူချော့မော့ခေါ်လေသည်။ဘယ်လိုခေါ်ခေါ် ခေါ်မရဖြစ်တာကြောင့်လက်လျှော့လိုက်လေ၏။
"ထားလိုက် မနက်ကြရင်ထွက်လာလိမ့်မယ်။သူလားနေနိုင်မှာ။"
သို့ရာတွင်ထင်တဲ့အတိုင်းမဖြစ်ပဲ မနက်အထိထွက်မလာပါ။နေခင်းလောက်ကြတော့ ရှောင်ပါးလဲတော်တော်စိတ်ပူလာပြီး..