မီးရောင်စုံတဖျက်ဖျက်လက်နေသကဲ့သို့လူတွေဟာလဲ အရောင်သွေးစုံလင်တောက်ပနေသည့်အဝတ်စားတွေနှင့်တောက်ပလျှက်ရှိသည်။ထိုအရာက night party တစ်ခုပင်။ထိုnight partyကရှောင်ကျန့်အစ်မ၏စေ့စပ်ပွဲပင်။ဝမ်ရိပေါ်နှင့်ရှောင်ကျန့်ဟာ မိုးပြာရောင်ကုတ်အင်္ကျီဝမ်းဆက်ဆင်တူဖြင့်ဝင်လာကြရာကို ရှောင်ပါးမြင်လိုက်ပြီး အနည်းငယ်တော့နှားခေါင်းတွန့်သွားသည်။ဒါကြောင့်အရင်ဆုံးဝမ်ရိပေါ်၏လက်မောင်းကိုဆွဲကာရှောင်ကျန့်ကွယ်ရာသို့ခေါ်လာခဲ့လေ၏။
“ဘယ်လိုဝတ်လာတာလဲ ဒီနေ့အရေးကြီးကိစ္စတစ်ခုရှိတယ်။မင်တို့ကြည့်လိုက်တာနဲ့အတွဲမှန်းသိသာလွန်းတယ်”
“အာ..ဒါကbaby သဘောမို့လို့ပါ..sorryကျွန်တော်ကြည့်လုပ်လိုက်မယ်”
ခဏနေတော့ရိပေါ်ပြန်ထွက်လာရာစားပွဲဝိုင်းမှာထိုင်နေသည့် ရှောင်ကျန့်ကမျက်မှောင်ကျုံ့၍ကြည့်လာ၏။
“daddy အပေါ်အင်္ကျီရော”
“ဟိုနားက အမျိုးသမီးတစ်ယောက် ဝိုင်တွေဖိတ်ကျလို့လေ အပြာနုဆိုတော့တော်တော်ကြည့်ရဆိုးတာနဲ့ ချွတ်ထားတာ”
“ဆင်တူလေးဝတ်ချင်လို့ ဈေးကြီးပေးပြီးစီစဉ်ထားတာကို”
“ဆောရီးပါ ဘေဘီကိုယ်အသုံးမကျဘူး”
“ရပါတယ်။daddy ဘာလုပ်လုပ် ကျွန်တော်ချစ်နေတာပဲ”
ရှောင်ကျန့်ကရိပေါ်၏ပေါင်တွေကိုပွတ်သပ်ပြီးပြောလာ၏။ချောင်ကျကျနေရာကိုရွေးထိုင်ထားသည်မို့သူတို့လှုပ်ရှားမှုကိုမမြင်ကြ။
“daddy အိမ်ပြန်ရအောင်”
“ရောက်တာ ၁၅မိနစ်ပဲရှိသေးတယ်လေ”
“ပါပါးကိုကြည့်ကောင်းအောင်သွားပြောလိုက်”
ရိပေါ်ကပြုံးလျှက်ခေါင်းညိမ့်ပြပြီးနောက်
“Mr xiao ကျွန်တော်တို့ပြန်တော့မယ်”
“ဟင်!ခုမှရောက်တာကို”
“ကျွန်တော်အလုပ်ကိစ္စရှိလို့”
“မင်းအလုပ်ကိစ္စရှိရင်ပြန်လေ အားကျန့်ကိုထားခဲ့အရေးကြီးကိစ္စရှိလို့”