“Daddy ”
အလုပ်သွားရန် အင်္ကျီဝတ်နေသည့် ရိပေါ်ကိုအနောက်မှသိုင်းဖတ်ကာ ချွဲလျှက်ပွတ်သပ်နေ၏။ညကdaddy ညီလေးနဲ့သူ့ညီလေး အတူတူပျော်ခဲ့တဲ့အကြောင်းတွေတွေးရင်း အတွေးတွေမှောင်မိုက်ကာ ပိုလို့တင်းကျပ်စွာဖက်ထားမိလေ၏။
“baby ဒီနေ့ကျောင်းပိတ်တယ်မဟုတ်လား”
“အင်း ပါပါး ဆီသွားမလို့လေ။ ပါပါးကခေါ်ထားတယ်”
“ကားကို ဖြေးဖြေးမောင်း”
“daddy စိုးရိမ်လို့လား”
“မစိုးရိမ်လို့ရမလား ရှောင်းအိမ်တော်ရဲ့အဖိုးတန်လေးကို”
“daddy!”
ရှောင်ကျန့်က ရိပေါ်၏လည်တိုင်ကိုအနောက်မှနမ်းရင်း လက်တွေကရိပေါ်၏ဘောင်းဘီပေါ်သို့ပွတ်သပ်လာ၏။ ထိုနောက် ဘောင်းဘီထဲသို့လက်ဝင်ရန် လုပ်လိုက်စဉ် ရိပေါ်ကလက်ကိုဖမ်းဆုပ်ကာတားလိုက်ပြီး လှည့်လာ၏။
“ကိုယ်အလုပ်သွားတော့မယ်!”
ရိပေါ်ကထိုသို့ပြောပြီး သူ့ပါးလေးကိုနမ်းလိုက်တော့။ ရှောင်ကျန့်ကကျေနပ်စွာပြုံးလိုက်လေ၏။daddy ကသူ့အပေါ် အခုထိစည်းမ ကျော်ပေမယ့် အနည်းငယ်ဂရုစိုက်လာသည်။ တရင်းတနှီးနေလာသည်။ ဒါကြောင့်သူကျေနပ်လာ၏။ ရိပေါ်ကိုလဲ တစ်ကယ်သိက္ခာထိန်းနိုင်တဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုပြီးတော့လဲ အထင်ကြီးမိလေ၏။
---------
“ပါပါး..ရှစ်ကျယ် ဘာတွေတိုင်ပင်နေဆာလဲ”
“အားကျန့် မောင်လေး။ မမတို့ brand ကအတွင်းခံတွေပါထုတ်ဖို့စီစဉ်နေတာလေ။ ဒီမှာ နမူနာအထည်လေးတွေ။ ”
ရှောင်ကျန့်ကနမူနာ ဘောင်းဘီလေးတွေကိုကိုင်ကြည့်ရင်း...
“အင်း ကျွန်တော်နဲ့အဆင်ပြေတဲ့ဆိုဒ်လဲပါတယ်။ပါပါးနဲ့အဆင်ပြေတဲ့ဆိုဒ်လဲပါတယ်။ ဒါပေမယ့်..”
သူ့အပြောကို အားလုံးကဂရုတစိုက်နားထောင်နေကြသည်။
“ကျွန်တော့်ယောက်ျားနဲ့အဆင်ပြေတဲ့ ဆိုဒ်မပါသေးဘူး”
“ဘာ!”
ရှောင်ပါးဆီမှကျယ်လောင်စွာထွက်ပေါ်လာသည့်အသံဖြစ်သည်။