Unicode
"အစ်ကို ဂျွန်ယောင်း ထပါဦး အစ်ကိုရဲ့
လီဆာခေါ်နေတယ်လေ ထပါတော့....."သွေးသံရဲရဲနဲ့ လူတစ်ယောက်ကတော့ လီဆာအော်ခေါ်နေတဲ့ အသံကိုလျစ်လျူရှုလျက်
မနေနိုင်တော့တဲ့အဆုံး
လီဆာဟာ ကျည်ဆန်တွေကို
မမြင်တော့ပဲ အစ်ကိုဖြစ်သူကို သူအကာကွယ်ယူနေတဲ့ ကျောက်တုံးကြီးတစ်ခုဆီ ဆွဲခေါ်လာခဲ့သည်။"ဒါလေး.....ဒါလေး ယူထားပေး လီဆာ
ငါ့ညီမလေးပေါ် အမြဲအနိုင်ယူခဲ့ပင်မဲ့
အစ်ကို ညီမလေးကို ချစ်.....ပါတယ်ကွာနော်
အစ်ကို.....မနေရတော့ဘူး...ဆိုတာ...သိ
နေတယ်.....လီဆာရဲ့""ဟာ...မဟုတ်တာ အစ်ကို့ကို ဒီကနေ ရအောင်ပြန်ခေါ်သွားမယ် ဒါကြောင့်မို့
အစ်ကိုစိတ်မလျော့လိုက်နဲ့နော်"ဘယ်လောက်ပဲ သူ့အပေါ်အနိုင်ယူတဲ့သူဖြစ်ပါစေ
လီဆာဟာ သူ့အစ်ကိုချစ်သည်။ဘယ်တုန်းကမှလဲ အပြစ်မြင်ခဲ့တာမဟုတ်။"အိုက်ဂူး...ငါ့ညီမလေးက...အစ်ကိုကို သိပ်ချစ်တာပဲ "
"ချစ်တာပေါ့ ဒီမောင်နှမနှစ်ယောက်ထဲရှိတာကို
ဒါကြောင့် လီဆာ့ကိုထားမသွားချင်စမ်းပါနဲ့"၅နှစ်သားလေးလို ငိုနေတဲ့ညီမဖြစ်သူကိုကြည့်ပြီး
ဗိုလ်ကြီးဆိုသူလဲ စိတ်မကောင်းဖြစ်ရသည်။"မငိုရဘူးလေ အာ့....မငိုနဲ့နော် လီဆာလေး
အစ်ကို့ကို....ချစ်.....တယ်ဆို အစ်ကို ပေးတဲ့....အာ့ အဟွတ်....စာအုပ်လေးထဲက
ပါတဲ့အတိုင်း..... လီဆာကိုပဲ လုပ်စေ...ချင်တယ်.....အား နာလိုက်တာ...လွန်ရော.....ဒီကောင်တွေ...ဒီကောင်တွေ.....လက်နက်လဲ.....ကောင်းသားပဲနော် .....လီဆာလေး"ကျည်ဆံပေါင်း ၅တောင့်လောက် ခန္ဧာကိုယ်
အနှံ့နေရာယူနေတာကို အစ်ကိုဟာ အပြုံးမပျက်ခဲ့...နာကျင်မှုကို မမှုတဲ့သဘောပေါ့။"အစ်ကို....မရှိလဲ .....လီဆာလေးက...
နိုင်ငံ့တာဝန်ကို ....ထမ်းဆောင်..ရမယ်နော်
ပြီးတော့. အစ်ကိုပေးတဲ့..တာဝန်ကိုလဲ ကျေပွန်အောင်..ထမ်းဆောင်..ပေးပါ
အစ်ကိုကောင်းကင်ပေါ်က...ကြည့်နေမှာမို့
လီဆာက...အစ်ကိုအတွက် လုပ်ပေးနိုင်မယ်..မလား"
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...