Unicode
"မာမီ"
"ဒယ်ဒီ"
"မဟုတ်ပါဘူး..ဒါဆို မေမေလို့ခေါ်.."
"ဖေဖေ"
"မေမေပါဆို..ခေါ်ကြည့် မေ...မေ"
"ဖေဖေ"
"ရား...ကင်နာအွန်းမန်နိုဘန် နင်ရိုက်ခံရမယ်နော် မေမေ မဟုတ်ရင် မာမီလို့ခေါ်ပါဆိုနေတာကို.."
ကလေးခေါင်းကို ခေါက်မဲ့ပုံနဲ့ ရွယ်ပြီးကာမှ
ကလေးကို ပေါင်ပေါ်ပွေ့ချီလို့ တရှုံ့ရှုံနမ်းနေတဲ့ ကပ္ပတိန်..၃နှစ်ကျော်အရွယ် သမီးမိန်းကလေးဟာ
စကားစပြောကတည်းက ကပ္ပတိန့်ကို ဒယ်ဒီိခေါ်ရင်ခေါ်မခေါ်ရင် ဖေဖေလို့ပဲ ခေါ်နေလို့ ဒီနေ့လည်း လက်မလျော့ပဲ သင်ပေးနေမိတာ..နောက်ဆုံးတော့လည်း
ဒီရထားဟာ ဒီဘူတာပဲ ဆိုက်ခဲ့တာ...
နှုတ်များကျိုးနေလေသလားမပြောတတ်
ဘယ်လိုသင်သင် သင်လို့မရခဲ့။"ကပ္ပတိန်ရယ် သမီးက ဖေဖေလို့ခေါ်ရင်လဲ ခေါ်ပါစေပေါ့...ဒီမယ် ကျွန်မပြောပြမယ်
ထမင်းစားတိုင်း လူမဟုတ်ဘူး ဒါပေမဲ့ လူတိုင်းကတော့ ထမင်းစားတယ်တဲ့"ကပ္ပတိန်ဘေးနားဝင်ထိုင်လို့ ရူဘီကပြောတဲ့အခါ ကလေးကို သင်မရလို့ မောမိတဲ့အထဲ သူမစကားကိုနားမလည်လို့ ရူးချင်ချင်ပါဖြစ်သည်အထိ။
"ဘာစကားကြီးလဲ မင်းဟာက..."
"အော် ဒီလိုလေ ထမင်းစားတိုင်း လူမဟုတ်ဘူး ဒါပေမဲ့ လူတိုင်းကတော့ထမင်းစားတယ်ဆိုတာရဲ့
ဆိုလိုရင်းက ထမင်းစားနေပြီးတော့ လူစိတ်မရှိ အသိဉာဏ်မရှိ ဆင်ခြင်တုံတရားမရှိတဲ့လူတွေကို
လူလို့မသတ်မှတ်ထိုက်ဘူးတဲ့""အဲ့တာနဲ့ငါ့ကိုနာအွန်းလေးဖေဖေလို့နဲ့
ဘာဆိုင်လို့လဲ"သိချင်လွန်း လို့ မေးလိုက်မိတော့ မယ်တတ်ပကလေးက
မျက်လုံးတွေပြူးကျယ်လာပြီး..."မဆိုင်ဘူးလား..မသိဘူးလေ ကျွန်မလဲ ခုနက သတင်းစာဖတ်မိရင်း တွေ့တဲ့ဆောင်းပါးထဲက စာသားကိုပြန်ပြောပြတာ..မဆိုင်တာတော့ မတတ်နိုင်ဘူး နော် သမီးလေး"
ကပ္ပတိန့်ပေါင်ပေါ်က သမီးလေးကို ကောက်ချီလို့ ရယ်ကျဲကျဲနဲ့ပြောတဲ့ရူဘီ...
ပြောဖူးသလားမသိပင်မဲ့
ပြောကိုပြောရဦးမယ် ရူဘီဟာ ဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့အမျိုး။
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...