Unicode
"ကပ္ပတိန်...ပြန်လာပြီလား ထမင်းခဏနေမှ စားလို့ဖြစ်တယ်မလား...ကျွန်မ သမီးလေးကို ရေချိုးပေးမလို့"
ဆံပင်ကို ကပို့ကယို့ ဖြစ်ကတတ်ဆန်း စည်းထားပြီး ကလေးလေးကိုပွေ့ချီလို့ ကပ္ပတိန့်ကို ကပြာကယာနဲ့ လာကြိုကာ
စကားပြောတဲ့ မိန်းကလေးကြောင့် ဖိအားတွေဟာ အာကာသထဲ လွင့်စင်သွားခဲ့ပြီ။လှရက်လွန်းသူရယ်..ဆိုတဲ့အတွေးသာ စိတ်ထဲမှာ စွဲကျန်ရစ်နေတော့သည်။
"အိုက်ဂူး...မေမေ ဆံပင်ကို မဆွဲရဘူးလေ သမီးရဲ့.."
ရေချိုးခန်းဝမှာတင် ကလေးကဆံပင်ဆွဲဆောင့်နေတာကြောင့် ရူဘီ့ခန္ဓာကိုယ်ဟာ အနည်းငယ် ယိမ်းထိုးနေတော့သည်။
"ငါကူပါ့မယ် ရူဘီရယ်"
ကပ္ပတိန်က ရူဘီ့ကိုခပ်ဟဟရယ်ကာ ပြောလိုက်ရင်း သမီးလေးရဲ့ လက်သေးသေးလေးထဲက
မြတ်နိုးရတဲ့ ဆံနွယ်လေးတွေကို တယုတယနဲ့ ပြန်ကာ နေရာချရတော့သည်။"ဟို ကပ္ပတိန်...ကလေးကို အဝတ်လဲပေးမလား ကျွန်မက ရေအတော်စိုနေပြီမို့ ရေတစ်ခါထဲ ချိုးမှဖြစ်တော့မှာ"
ရူဘီ ကလေးနဲ့အတူ ရေချိုးကန်လေးထဲ ဝင်သွားကတည်းက...ဒီလိုတောင်းဆိုလာတော့မယ်ဆိုတာကြိုသိပင်မဲ့...
မိန်းကလေးချင်းဆိုတာလဲသိပင်မဲ့ ရေစိုနေတဲ့ ရူဘီ့ကို လှည့်မကြည့်ရဲခဲ့လို့
သူတို့သားအမိကို ကျောပေးပြီး ရပ်နေခဲ့တာ
အတော်ကြာပေါ့..သို့ပင်မဲ့..ဒီတိုင်းကြာကြာရပ်နေရင်
ကလေးက အအေးပတ်တော့မှာမို့ တဘတ်ကိုဖြန့်ပြီး ရူဘီ့လက်ထဲက ကလေးကိုယူကာ ကောက်ချီလိုက်သည်။ဘုရားဘုရား ထိုနေရာကို ကြည့်ဖို့ရာ မရည်ရွယ်ခဲ့ကြောင်းပါ။"ကပ္ပတိန်ကလေး
အအေးပတ်တော့မယ်လို့ဆို.."သူ့ရင်ဘတ်ကိုသူ လက်နဲ့ယှက်ကာရင်း ရူဘီကခပ်ကျယ်ကျယ်ပြောလာမှ
အကြည့်တွေရပ်သွားတာလား
အတွေးတွေရပ်သွားတာလားမပြောတတ်...လူဟာ ငုတ်တုတ်မေ့ရာကနေ အသက်ပြန်ဝင်လာသလို
ဆက်ကနဲပင် တုန်ယင်သွားသည်။မိန်းကလေးတစ်ယောက်ကို အိန္ဒြေပျက်အောင်လိုအပ်တာထက်
ငေးမကြည့်သင့်ကြောင်း
သိထားပါသော်လည်း
နားလည်ထားပါသော်လည်း ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးဟာအပြစ်မတွေ့နိုင်
လောက်အောင်ကို လှရက်လွန်းတာကြောင့်
မနေနိုင်စွာ ငေးကြည့်မိလေခြင်း...
ESTÁS LEYENDO
SUNISY(Sunflower+Daisy)
Fanficရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...