Unicode
"ပြုံးလှချည်လား...မန်နိုဘန်ရယ်
ကြားထားသလောက်တော့
ကပ္ပတိန်လီဆာပြုံးရယ်တာက
မြင်ရခဲသတဲ့..အခုတော့ဖြင့်
နင့်လူတွေစကားမှားတယ်လို့တောင် ဆိုရတော့မယ်..လင်းစမ်းပါဦးအခုလို ပြုံးဖြီးဖြီးဖြစ်နေရတဲ့အကြောင်းရင်းလေး..."ဗိုလ်ကြီးတွေဖြစ်တဲ့အတွက် လီဆာဟာချယ့်ကို
သူ့ရုံးခန်းမှာပဲ အလုပ်လုပ်စေသည်။အလုပ်လုပ်ရင်းလည်းပြုံး...
လက်နှိပ်စက်ကြီးကိုကြည့်ပြီးလည်း ပြုံး..
တပ်မကြီးက ကြေးနန်းတွေ
ဝင်လာရင်လည်း အပြုံးမပျက်တဲ့ လီဆာဟာ
မူမမှန်ဘူးဆိုတာထက်ကိုပိုနေပြီ...
သတင်းတွေကြားတော့ဖြင့်ကပ္ပတိန်က အပြုံးရယ်နည်းသတဲ့လေ။"အိုး...ဘာကိုလင်းရမှာတုန်း ချယ်ရာ..
ငါဒီတိုင်းပုံမှန်ပါပဲ..နင်ကိုက တစ်စိတ်ကိုတစ်အိတ်လုပ်နေတာ"ချယ့်ရဲ့အလိုမကျတဲ့ အကြည့်နဲ့မျက်စောင်းဟာ
ကိုယ့်စီဒိုင်းကနဲ..လူကပုံမှန်ပါပဲ ချယ်ရယ်
ငါပုံမှန်ပါပဲ။"မသိပါဘူးဟာ..ကြင်သူတွေ့တော့ တဖိတ်ဖိတ်တုန်တဆွေ့ဆွေ့ခုန်နေပြီး နင့်နှလုံးသားလေးများ မူမမှန်ဖြစ်နေသလားလို့ပါ"
ချယ့်စကားအပြီး လက်နဲ့ရင်ဘတ်ကို စမ်းကြည့်မိတော့နှလုံးခုန်နှုန်းကပုံမှန်ပါပဲ..
မြန်လဲမမြန်သလိုနှေးနေတာမျိုးလဲ
မဟုတ်ပါဘူးလေ...ဒါပေမဲ့
တဒုတ်ဒုတ်နဲ့ အားရပါးရ ခုန်နေတဲ့ အချိန်တစ်ချိန်တော့ရှိတယ်...
အဲ့တာဟာချယ်ပြောသလိုများသာဆို ဒုက္ခ...ဒါမျိုးကမဖြစ်သင့်တာတွေလေ။ရှေ့လျှောက်ဆို နှလုံးသားရဲ့ဆန္ဒကို ဦးနှောက်နဲ့များထိန်းချုပ်နေရမလားမသိ။
"မနောက်နဲ့ချယ်ရယ်...တစ်ချို့အရာတွေက ဟာသအဖြစ်တောင် စနောက်လို့မကောင်းတဲ့
ဆက်ဆံရေးတွေရှိတယ်လေ..ဟော့ဒီ လောကကြီးမှာ"ဒီစကားကြားတော့ ချယ်လည်းမပြုံးနိုင်တော့...စည်းမျဉ်းတွေ ဘောင်တွေနဲ့တန်ဆာဆင်ထားတဲ့ ဟော့ဒီလောကကြီးကိုပဲ
အပြစ်တင်ရမလား...ပုံမှန်မဟုတ်ချင်တဲ့ ရင်ခုန်နှုန်းတွေကိုပဲ
အပြစ်ပြောရတော့မလားမသိ။
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...