Part(6)

3.3K 261 33
                                    

Unicode

"ဘာလို့ ကျွန်မအပေါ် အေးစက်စက် ဆက်ဆံနေတာလဲ ပတ်ချယ်"

ဆိုလ်းကနေ ပြန်ရောက်ကတည်းက သူ့ကိုအနီးကပ်ပြုစုနေတဲ့ ဂျီဆူးကို ချယ်တစ်ယောက် ဆက်ဆံရေးကြဲလာတယ်ဆိုရမည်။

ခါတိုင်းသူဖက်ကပဲ စလိုက်နောက်လိုက်လုပ်နေပင်မဲ့
ပြန်ရောက်ကတည်းက မူမမှန်တော့တဲ့ ချယ့်ကြောင့်...မနေနိုင်စွာ ဆူးကမေးတော့ ကော်ဖီခွက်ကိုနှုတ်ခမ်းနားတေ့ထားရာက ခွာလိုက်ရင်း..အသက်မဲ့စွာပြုံးကာ...

"ငါ့ကော်ဖီကို သောက်ကြည့်မလားဆူး
ပူပူနွေးနွေးလေးရယ်...အဲ့သလိုပဲ ငါမင်းအပေါ်နွေးထွေးမှု အပြည့်ရှိပါတယ် ဆူးရဲ့...မင်းစိတ်ထင်တာဖြစ်ပါလိမ့်မယ်"

ဒဏ်ရာအနာတရ‌တွေသက်သာပျောက်ကင်းသွားတာတောင် ဝေဒနာတစ်ခုခုကို ပတ်ချယ်ဟာခံစားနေရပုံ..

"ဒီအတောတွင်း..စိတ်ညစ်စရာရှိလို့လား ပတ်ချယ်"

ဒီိအတောတွင်းစိတ်ညစ်စရာဆိုလို့ ဆူးဆိုတဲ့
အမျိုးသမီးရဲ့ အသဲပုံနှုတ်ခမ်းလေး ပြုံးနေတာကိုမြင်ရခဲတဲ့ကိစ္စပဲ။

"ဟင့်အင်း...စိတ်ညစ်စရာရယ်လို့ မရှိပါဘူး
ဒီတိုင်း စိတ်ပျက်စရာလေးရှိလို့ပါ ဆူးရယ်
မင်းပြင်ပြီးရင် ရုံးသွားရအောင်လေ
တစ်လမ်းထဲပဲကို..တို့နှစ်ယောက်
အတူတူသွားကြတာပေါ့"

ဆက်မေးနေလို့လဲ ပတ်ချယ်ဟာ ဖြေမှာမဟုတ်..စကားလမ်းကြောင်းတွေသာ လွှဲနေမှာဖြစ်လို့..ဆူးလဲ လက်လျော့ကာ နှစ်ယောက်အတူရုံးတတ်ဖို့ပြင်တုန်း...

"ဗိုလ်ကြီးဂျီဆူး...စာလာတယ်ဗျ"

အိမ်ရှေ့ကို ရောက်လာတဲ့ စစ်သားတစ်ယောက်လက်ထဲက
စာအိတ်ကလေးကို ယူရင်းပြုံးမိသည်။
မိဘတွေဆီကစာမို့...

"ဟုတ်ကဲ့...ကျေးဇူးပါ"

"ကျွန်တော့်ကို သွားခွင့်ပြုပါဦး ဗိုလ်ကြီး"

အလေးပြုကာပြောတဲ့ စစ်သားကိုခေါင်းညိမ့်ပြတော့
သူလဲထွက်သွားပြီ...ဆူးလဲ
ဧည့်ခန်းထဲမှာထိုင်းရင်း
စာအိတ်ကလေး ဖောက်ဖတ်မိတဲ့အခါ အဦးပိုင်းအကြောင်းအရာတွေကတော့ မိဘတွေရဲ့ထုံးစံအတိုင်း အစစအရာရာဂရုစိုက်ဖို့အတန်တန်
မှာတဲ့ စကားတွေ...နောက်ဆုံးပိုင်းက စာကိုတွေ့တော့ဆူးဟန်ဆောင်ပြီးတောင်မပြုံးရယ်နိုင်တော့...

SUNISY(Sunflower+Daisy)Tahanan ng mga kuwento. Tumuklas ngayon