Part (18)

2.6K 248 21
                                    

Unicode

"ဖြစ်နိုင်ရင် အစ်မတို့မပြန်ခင် ကပ္ပတိန်နဲ့အတူ
အိမ်ကိုထမင်းစား ကြွပါဦးလား...ကပ္ပတိန်ကလေ
ကျွန်မဘယ်လိုဖိတ်ဖိတ် လက်မခံဘူးဖြစ်နေလို့.."

ရူဘီ့လက်ကို ကိုင်ရင်း ထို အမျိုးသမီးက
ချိုချိုသာသာပြုံးပြီး ပြောလာသည်။ ဒီ အပြုံးတွေရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်တွေရှိတယ်ဆိုတာ ကပ္ပတိန် သတိမထားမိခဲ့တာလား..တမင်ပဲ သတိမထားမိချင်ယောင်ဆောင်ထားတာလားဆိုတာဂျဲန်းနီ နားမလည်တော့...။

"အစ်မရဲ့ ကပ္ပတိန်က ဟင်းချေးများတယ်
ညီမရဲ့...အခုသူ့ကိုပဲ ကြည့်ပါလား
ရောက်လာခါစနဲ့ ယှဉ်ရင် အများကြီး
ပိန်သွားတာကို.."

ကပ္ပတိန်ရဲ့ ချောင်ကျနေတဲ့ မျက်နှာသွယ်သွယ်လေးကို တယုတယကိုင်ရင်း ရူဘီပြောလိုက်တယ်။
အပြုံးတွေ ဟန်ချက်ပျက်သွားတဲ့ အဲ့ဒီ အမျိုးသမီးမျက်နှာက ရူဘီ့ကို စိတ်ကျေနပ်စေတာဟာ
ဘယ်လို မကောင်းတဲ့စိတ်တွေကြောင့်များပါလိမ့်။

"ဒီလိုဆိုရင်လည်း ညီမ စိတ်လျော့ပြီး ပြန်လိုက်ပါတော့မယ်...ကပ္ပတိန် အစ်မဖြစ်သူကို သေချာ
ဂရုစိုက်လိုက်ပါဦး"

မကျေမနပ်ဖြစ်ကာ ထွက်သွားတော့မယ် အမျိုးသမီးကို ရူဘီ ဒီတိုင်းပေးမသွားချင်တာ
ဘယ်လိုကြောင့်များပါလိမ့်နော်။

"ကျွန်မ ကပ္ပတိန့်ရဲ့ဇနီးပါ အင်ယောင်ရှီး...အစ်မ
အစ်မနဲ့ ခဏခဏပြောနေတော့ ကိုယ့်ကိုယ်ကိုယ်
မလုံသလို ခံစားရလွန်းလို့ရယ်"

ရူဘီရယ်ကျဲကျဲနဲ့ပြောလိုက်တော့...ထို အမျိုးသမီးဟာ အသံကျယ်ကျယ်နဲ့...

"ရှင်" တစ်လုံးသာအော်ပြောနိုင်သည့် အဖြစ်။

"အစ်မတို့က လင်မယား...အဲလေ ဟိုလို စုံတွဲတွေဟုတ်လား"

တမင်ပဲ လူကြားအောင် အော်ပြောနေသလားမသိပင်မဲ့ လူတွေပုံစံအမျိုးမျိုးနဲ့ကြည့်ပြီး တီးတိုးပြောဆိုနေတဲ့  လူတွေအပေါ် ရှက်မိတာမျိုး
မရှိပါဘူး...အမှားကို အမှန်လုပ်ပြီးနေတာထက်စာရင် အမှန်ကို အမှန်တိုင်းပြောပြပြီး မှန်မှန်ကန်ကန်
နေရထိုင်ရတာကိုပဲ ရူဘီက သဘောကျတာမို့လို့။

SUNISY(Sunflower+Daisy)Where stories live. Discover now