Unicode
"ဘူဆန်ဆိပ်ကမ်းမှာ ဆင်းချင်ရတဲ့
အကြောင်းပြချက်လေး
ငါ့ကိုပြောပြရင်ကောင်းမယ််...ရူဘီ"ဆိုလ်းကကပ္ပတိန့်အသိအရာရှိ
တစ်ယောက်က..သူ့မင်္ဂလာပွဲကို အတင်းဖိတ်ထားတာမို့ မလာလို့မကောင်းတာနဲ့ ရူဘီနဲ့အတူ
ဆိုလ်းကိုခရီးနှင်လာခဲ့တာဖြစ်ပင်မဲ့...
ဘူဆန်ဆိပ်ကမ်းမှာ အရမ်းဆင်းချင်နေတဲ့ ရူဘီ့ကြောင့် မငြင်းသာတဲ့အဆုံး ကပ္ပတိန်ပါ လိုက်ပါခဲ့ရခြင်းဖြစ်သည်။"ကျွန်မ တစ်ခါမှမရောက်ဖူးသေးလို့.."
ရူဘီ့ရဲ့ခပ်ကြောင်ကြောင် အကြောင်းပြချက်ကြောင့်
ကပ္ပတိန် ကိုယ့်နဖူးကိုခပ်စပ်စပ်ကလေး ရိုက်မိတာအကြိမ်ကြိမ်...ရူဘီမသိအောင်
သက်ပြင်းလေးခိုးချလိုက်ရင်း ခရီးဆောင်သေတ္တာလေးနှစ်လုံးကိုသယ်ကာရှေ့က မိန်းကလေးနောက်ကိုသာ
အရိပ်ကလေးလိုလိုက်လာမိသည်။"***ရပ်ကွက်၊အိမ်နံပါတ်*** ကိုမောင်းပေးပါရှင့်"
တက္ကစီသမားကို ရူဘီပြောလိုက်တဲ့ လိပ်စာကြောင့် ကပ္ပတိန့်ခေါင်းတစ်ခုလုံး
ကျင်တတ်လာရသည်။
ခြေဖျားလက်ဖျားတွေအေးစက်ကုန်သည်။"ရူဘီ အဲ့တာက..."
"အဲ့တာက...ဘာဖြစ်လဲကပ္ပတိန်"
ရူဘီ့အမေးကို ခေါင်းခါရင်း ကပ္ပတိန်ဘုရားသာတနေမိသည်။ အလိုလိုက်ထားတာ များလို့ထင်ပါရဲ့ ဒီမိန်းကလေးထင်ရာစိုင်းလွန်းတယ်။
အခုလဲ ဘယ်သူ့စကားတွေကြားပြီး အဲ့ဒီနေရာကို သွားချင်ရတာပါလိမ့်နော်။"ကြွပါရှင့်..."
အိမ်အကူအဒေါ်ကြီးက ခြံဝင်းတံခါးကိုဖွင့်ပြောပြီး
ပြောလာခဲ့သည်။ဒီအိမ်မှာ ဒီအဒေါ်ကြီး အလုပ်လုပ်ခဲ့တဲ့သက်တမ်းကမနည်းတာမို့...
ငယ်မွေးခြံပေါက် ကပ္ပတိန့်ကို အမှတ်ထားမိကာ..."အိုမို...လီဆာ လီဆာလေး ပြန်လာတယ်
သူဠေး"အဒေါ်ကြီးရဲ့အော်ပြောသံကြောင့် အသက်ကြီးကြီးအမျိုးသားကြီးတစ်ယောက်ဟာ အိမ်ထဲကနေထွက်လာသည်။
လွန်ခဲ့တဲ့နှစ်တွေကလို အမျိုးသားကြီးရဲ့ မျက်ဝန်းတွေဟာခက်ထန်မနေခဲ့တော့...
နူးညံ့ခြင်း ပျော့ပြောင်းခြင်းတို့သာ သူ့မျက်ဝန်းမှာတွဲခိုနေသည်။
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...