Unicode"ခွဲခွာခြင်းကိုမလိုလားသည့်အတွက်
တွေ့ဆုံခြင်းကို ကျွန်တော်မနှစ်သက်တော့ပါ""သိပ်ကောင်းတဲ့ စာသားလေးပဲရူဘီ
ကပ္ပတိန့်ရင်ထဲထိတယ်"မေပင်ပင်အောက်က ခုံတန်းရှည်ပေါ်မှာထိုင်ရင်း
စာဖတ်နေတဲ့ကပ္ပတိန်...
ဒီနွေဦးရဲ့ညချမ်းဟာလဲ
သိပ်ကိုရှည်လျားပါရောလား။မနေ့က ဒီနေရာမှာ ရူဘီရှိနေခဲ့တယ်
မနေ့ကဒီနေရာမှာ ရူဘီနဲ့စကားတွေပြောနေခဲ့တယ်
မနေ့ညက ရူဘီကို ကပ္ပတိန်လွမ်းနေမိတယ်
အရာအားလုံးကို မနေ့ကဖြစ်သည်ဆိုပြီးတော့ပဲ
ခေါင်းစဉ်တပ်ရတော့မလားရူဘီရယ်...ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်မှာ သဘောကျခဲ့ဖူးတဲ့
စာပိုဒ်ကလေးရှိတယ်။ဒီလိုပါပဲ ထွက်သွားတဲ့သူဖြစ်စေ
ကျန်ရစ်တဲ့သူဖြစ်စေ
အချိန်တန်ရင် သူ့ဟာနဲ့သူ
နေသားကျသွားလိမ့်မယ်တဲ့။ကပ္ပတိန်လည်း အချိန်တန်ရင် ရူဘီကိုမေ့မှာပါ
လောလောဆယ်အတွက်တော့ ကယ်မဲ့သူမရှိကြဘူးလားကွယ်...
ကပ္ပတိန်အလွမ်းတွေဆူနာမီထက် ပြင်းနေပြီကွဲ့...ဒီကအထီးကျန်သမားက
သိပ်လွမ်းတတ်ရှာတာ...မသိကြဘူးလား။"အို...ငါ့နဲ့မလွမ်းသင့်တာတွေ"
တကယ်ဆိုသူစိမ်းတစ်ယောက်အပေါ်
ဒီလိုခံစားမျိုးကရှိမနေသင့်တာ...အထူးသဖြင့်
မိန်းကလေးဖြစ်တဲ့ငါက မိန်းကလေးဖြစ်တဲ့မင်းကို
လွမ်းမနေသင့်ပါဘူးလေ။"ငါရူဘီ့ကို သဘောကျသလို
ဖြစ်နေတယ်ထင်တယ်အစ်ကို"ဘာရယ်မဟုတ်ဘူးပျင်းလို့ လေထုကို အဖော်ပြုမိပါရဲ့
ကိုယ့်အနားတစ်ဝိုက်ကို ဝေ့ဝဲကာ
ခပ်ကြမ်းကြမ်းတိုက်ခက်လာတဲ့ လေပြေတွေကို
အဓိပ္ပာယ်ပြန်လိုက်ရင် "ဂျိမ်းကိုမချစ်ပါနဲ့တဲ့"
အစ်ကိုကလည်း အတ္တတွေအပြည့်နဲ့ပါလား
ငါနင့်စကားကိုနားထောင်တတ်မှန်းသိလို့
နင်ပြောထွက်လေသလား အစ်ကိုရယ်။"မချစ်ပါဘူးအစ်ကိုရယ် ငါရူဘီ့ကိုသဘောကျရုံပါ"
အရမ်းလှတဲ့ အမျိုးသမီးမို့ အိန္ဒြေရှင်မလေးမို့
မိန်းမချင်း အားကျမိရုံ..သဘောကျမိရုံပါ
တစ်ခြားဘာစိတ်မှမရှိပါဘူး...
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...