Unicode
"နောက်တစ်ခေါက်လဲ လာလည်လှည့်ပါဦး
အစ်ကိုဝူဘင်ရဲ့...မောင်ဆိုသူပါ အပါခေါ်ခဲ့ပေါ့လေ"နောက်ဆုံးကစကားကို ခပ်တိုးတိုးဆိုလို့...ကပ္ပတိန်ဟာ
အစ်ကိုဝူဘင်ကို ဖက်ကာ နှုတ်ဆက်လိုက်တယ်။
ရှက်သွေးဖြာနေတဲ့ အစ်ကိုမျက်နှာဟာ ခရမ်းချဉ်သီးလေးလို..."မင်းတို့လဲ ဆိုလ်းကိုလာလည်ပါဦး...ငါလဲ ဧည့်ဝတ်ပြုချင်သေးတာပေါ့...ဟုတ်ဘူးလား"
ကပ္ပတိန်ကတော့ ဘာမှမပြောပဲ ပြုံးသာနေသည်။
ရူဘီ့အတွက်က ဆိုလ်းကိုသွားဖို့ဟာ ခက်ခဲနေမည်မဟုတ်လား...ဒါကြောင့်လဲ ဘာမှပြန်မပြောခဲ့ခြင်းသာ။"အကြာကြီးနေမယ်ပြောပြီးတော့...အစ်ကို
မကောင်းဘူး"အစ်ကိုဖြစ်သူရင်ခွင်ထဲကလေးလေးလို ချွဲနွဲ့နေတဲ့သူမကို
ဘေးကနေ အူယားနေမိတာ အကြိမ်ကြိမ်...ဘဝမှာ
ကိုယ့်ထက်အသက်ကြီးတဲ့ အမျိုးသမီးကို
ကလေးလေးလို့မြင်မိတာဟာ ရူဘီကပထမဆုံးနဲ့နောက်ဆုံးလူပဲဖြစ်မယ်။"အမလေး..အပိုတွေလုပ်မနေနဲ့ နီနီ...နင်ဘယ်တုန်းက
အစ်ကိုကိုအရမ်းချစ်တတ်သွားတာလဲ...ဟမ်"အစ်ကိုက စလိုက်လို့ ရင်ခွင်ထဲကထွက်ပြီး နှုတ်ခမ်းကိုတစ်တောင်လောက်ထွက်အောင် ဆူထားတဲ့သူမဟာ
လာနမ်းပါလို့ ပါမစ်ပေးနေသလို။"ငါ့အစ်ကိုလဲ တစ်ကယ်မကောင်းဘူး.."
ရူဘီ့ရဲ့ မကျေနပ်ချက်ကို ဝူဘင်နဲ့ကပ္ပတိန်အားရစွာရယ်ရင်း...
"လီဆာ...ငါ့ညီမလေးကို ဂရုစိုက်ပေးပါနော်
အစ်ကိုတစ်ယောက်အနေနဲ့ မင်းကိုသေချာအကူညီတောင်းတာပါ...
ဘာလို့ဆိုသူကသိပ်ဆိုးတယ်လေ"ပြောလဲပြောရင်း သင်္ဘောပေါ်ပြေးတတ်သွားတဲ့
အစ်ကိုဝူဘင်...ကျန်ခဲ့တဲ့ ရူဘီကတော့ အစ်ကိုဖြစ်သူကို
မေတ္တာပို့ပြီးရင်းပို့သလို့နေသည်။
နီးတကြပ်ကြပ်ဝေးတသက်သက် မောင်နှမတွေများ ချစ်ဖို့ကောင်းချက်..."ကိုယ့်မိသားစုဝင်တစ်ယောက်နဲ့ ခွဲခွာရတဲ့ခံစားချက်က
ဒါမျိုးထင်တယ်..နေလို့မကောင်းဘူး"
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...