Unicode
"ဟာ...ဒီကိုဆို ကျွန်မ မဝင်ရဲပါဘူးဆို"
ရူဘီ့ဟာ သူမအိမ်ရှေ့ဖြစ်နေသော်ငြား သူမကိုယ်သူမအပြစ်သားလို သတ်မှတ်ထားတာမို့...အိမ်ထဲကို ဝံဝံရဲ့ရဲ့ ဝင်ရဲ့တဲ့ပုံမပေါ်...ယုတ်စွအဆုံး အိမ်ရိပ်ကိုပင် နင်းရဲပုံမပေါ်။
"မင်္ဂလာခန်းမမှာတုန်းက မင်းဘာပြောခဲ့လဲ...ကပ္ပတိန်
ဘယ်ခေါ်ခေါ်လိုက်မှာဆို""အဲ့တာက ဒီတိုင်း ပန်းခြံတို့ ရုပ်ရှင်ရုံတို့ ထင်လို့ပေါ့လို့.."
ခြေကိုဆောင့်လို့ လာရာလမ်းအတိုင်း လှည့်ပြန်ကာ ရူဘီက ပြောသည်။ကမ္ဘာလေးက စိတ်ကောက်နေပြီမို့
ကပ္ပတိန်လည်း သူရဲ့ကိုယ်ပိုင်ကမ္ဘာလေး ပုံမှန်လည်ပတ်နိုင်ဖို့ရာသာ ဦးစားပေးမိရင်း
အတင်းကြပ်မလုပ်ချင်တော့တာနဲ့ပဲ
သူမနောက်ကိုသာပြန်လိုက်ဖို့ပြင်တုန်း..."ရား...မိဂျဲန်းနီ နင်ဝင်မလာသေးပဲ ဘာလုပ်နေတာလဲ လီဆာ မင်းကလည်းလေ မင်းမိန်းမပဲကို အေးဆေးပြောမရရင် ရိုက်ငေါက်ပြီးတော့ အိမ်ထဲဝင်ဖို့
ပြောတာတော့ မဟုတ်ဘူး"အစ်ကိုဝူဘင်ရဲ့ ခပ်ဆာဆာအသံဟာ အိမ်ရှေ့ခြံတံခါးကနေထွက်ပေါ်လို့လာသည်။
အစ်ကို့အကြံပေးချက်အတိုင်း ရူဘီ့ကို မလုပ်နိုင်တာကတော့ ကပ္ပတိန့် ချို့ယွင်းချက်ပင်။"ကိုယ့်အိမ်ကို လာတာပဲ..ဘာကိစ္စမဝံ့မရဲ ပုံစံ
ဖြစ်နေရတာလဲ..တကယ်ပဲ စိတ်ပျက်စရာ"လာလမ်းအတိုင်း ပြန်လှည့်နေတဲ့ ရူဘီ့ကို..လက်မောင်းကနေ ဆွဲလို့ အစ်ကိုဝူဘင်ဟာအိမ်ထဲဆွဲလို့ခေါ်သည်။ ခြေကိုဆောင့်လို့ မလိုက်ချင်
လိုက်ချင်နဲ့ ရူဘီလိုက်လို့လာသည်။"လီဆာ မင်းမဆိုးဘူး..ယောက်ဖစကား
နားထောင်တတ်သားပဲ..မဟုတ်ရင် ဟော့ဒီကောင်မလေး ဘယ်တော့များမှ အိမ်ပြန်လာမလဲ မသိဘူး"ဒါဟာ ကပ္ပတိန့်ပုခုံးကိုပုတ်လို့ အစ်ကိုဝူဘင်
ပြောလာခြင်းဖြစ်သည်။အစ်ကိုဝူဘင်ဟာ
ဆိုလ်းကိုအလည်လာဖို့ရာ လီဆာဆီ စာအကြိမ်ကြိမ်ပို့ခဲ့ဖူးသည်။မင်္ဂလာပွဲကြောင့်
ဆိုလ်းကိုလာရင်း တစ်ချက်ခုတ်နှစ်ချက်ပြတ်အောင် ရူဘီ့အိမ်ကို သွားမိခြင်းဖြစ်သည်။
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...