Part(16)

2.5K 270 31
                                    

Unicode

တောင်စောင်းတစ်လျှောက်စီးဆင်းနေတဲ့ ရေစီးသံတွေကိုအတိုင်းသားကြားနေရတယ်အမျိုးအစားစုံလင်လွန်းတဲ့ ငှက်ပေါင်းစုံဟာကြင်ဖော်ကိုယ်စီနဲ့ ပျံသန်းနေတာကိုမြင်မိတဲ့အခါ သောက်လက်စကော်ဖီခွက်ထဲကျသွားတဲ့
မျက်ရည်စက်တွေကြောင့် ခပ်ခါးခါးကော်ဖီလေး ငံကျိကျိဖြစ်သွားရပြီ။

စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားအောင် လူသူမရှိတဲ့ တောနက်ကြီးထဲဝင်ပြီး "အရမ်းလွမ်းတယ်ရူဘီရယ်"လို့ပြောပြီး
ကပ္ပတိန်အော်ငိုပစ်လိုက်ချင်တာ။

"အခြေစိုက်စခန်းထက် ဒီနေရာလေးက ပိုသာယာတယ်ဆိုတာကိုတော့ ဝန်ခံရမယ်နော် ကပ္ပတိန်"

အိမ်ထောင်သည်တစ်ဦး ဖခင်တစ်ယောက်ဖြစ်နေပါရက်နဲ့ ကပ္ပတိန်နဲ့အတူ တိုက်ပွဲဝင်ချင်တယ်ဆိုကာ တားမရတဲ့အဆုံး လိုက်ခွင့်ပြုပေးလိုက်ရတဲ့ ဆရာဆယ်ချန်းရဲ့ ခပ်ဟဟရယ်ကာ ပြောတဲ့စကားသံ။

"ပိုလည်းလွမ်းဖို့ကောင်းပါတယ် ဒီနေရာက.."

ကော်ဖီလေးတစ်ငုံသောက်ရင်း ကပ္ပတိန်ဖြေလိုက်တယ်
အတိုင်းသားမြင်နေရတဲ့  မြူတွေသိုင်းရစ်နေတဲ့ တောင်းတန်းတွေဟာ အလွမ်းဓာတ်ခံကို ပိုကြီးမားအောင် လှုံဆော်နေသယောင်နဲ့...

"ဒါဆိုလဲ ဆက်လွမ်းတော့ဗျာ...ဒီစာကို ကျွန်တော်ပဲဖတ်လိုက်တော့မယ်"

ဂျယ်ဂျူတပ်ရဲ့ တံဆိပ်ခေါင်းကိုသူံးထားတဲ့ စာအိတ်...အထူးသဖြင့် ကပ္ပတိန်နာမည်နဲ့တံဆိပ်ခေါင်းကို သုံးရဲတာ သုံးခွင့်ရှိတာဆိုလို့ ရူဘီဆိုတဲ့ အမျိုးသမီးတစ်ယောက်သာရှိသည်မို့ ထိုင်နေတဲ့ ကွပ်ပျစ်ပေါ်က ဆက်ကနဲ ထရင်း
စာအိတ်ကိုင်ထားတဲ့ တပ်သားဆီ
အပြေးလေးသွားကာယူမိသည်။

"ငါတို့ကပ္ပတိန်က ရူဘီဆိုတဲ့အသံကြားရင် ထွန့်ထွန့်ကိုလူးနေတာပဲ"ဆိုတဲ့ ကောင်ငယ်လေးတွေရဲ့
တစ်ဦးနဲ့တစ်ဦးတီးတိုးပြောနေတဲ့ စကားတွေကို နမူမထားနိုင်တဲ့အထိ စာအိတ်ကိုသာ အာရုံစိုက်နေမိသည်။

"ရှင်...ကျွန်မတို့သားမိကိုပစ်ထားပြီး နောက်တစ်ယောက်နဲ့များ လက်ထပ်လိုက်လေသလား ကပ္ပတိန်...တစ်ပတ်တိတိဖုန်းလည်းမဆက်...
စာလည်းမပို့နဲ့နေနိုင်တယ်နော်...ရှင်နေနိုင်ရင်တောင် မနေနိုင်တဲ့ကျွန်မအတွက်တွေးပြီး ဖုန်းတစ်ကောလ်လောက်ပဲဖြစ်ဖြစ်
စာတစ်စောင်လောက်ဖြစ်ဖြစ် ခေါ်ပါ ရေးပါဦးလားကပ္ပတိန်လာလီဆာမန်နိုဘန်ရှီ...
ကျွန်မအတွက်ကမ္ဘာပေါ်က
အပင်ပန်းဆုံးအလုပ်‌တွေထဲမှာ
ရှင့်ဇနီးဖြစ်ရတာလည်းပါတယ်...စိတ်ပူနေရတယ် စိုးရိမ်နေရတယ်လွမ်းမောနေရတယ်
ဒါတွေဟာဘယ်ဘဝကဝဋ်‌ကြွေးတွေ
ကျေအောင်ဆပ်နေရတယ်မသိပင်မဲ့...ရှင့်
အကြောင်းလေးတွေးနေမိပြန်ရင်လည်း အလိုလိုပျော်နေမိတော့တာပဲ...ကပ္ပတိန် ကျွန်မကရှင့်လို မကွယ်ဝှက်တတ်ဘူး မထိန်ချန်တတ်ဘူး... ရှင့်ကိုဆို မလိမ်တတ်ဘူး လိမ်လည်းမလိမ်ရက်ဘူး ကျွန်မအချစ်ကအဲ့သလိုရှိတယ်...
နည်းနည်းလောက်ဖြစ်ဖြစ် ကျွန်မရဲ့ချစ်ခြင်းတရားကို အသိမှတ်ပြုရင် စာလေးဘာလေးရေး ဖုန်းလေးဘာလေးခေါ်ပါ...မျှော်နေသူ ရင်မောတာပဲအဖတ်တင်အောင်တော့
မလုပ်ပါနဲ့ရှင်။
                                     ရှင့်ရဲ့ဇနီး..
                                                                                                                      .                                          ကင်ရူဘီမန်နိုဘန်

SUNISY(Sunflower+Daisy)Where stories live. Discover now