Unicode
"တကယ်တော့လေ.."
အားလုံးအတွေးကိုယ်စီဖြစ်နေတဲ့ ဧည့်ခန်းထဲကလူတွေဟာ ဆူးရဲ့အသံကြောင့်
သူမကို အကြည့်ပို့လာကြသည်။"အစ်ကိုဆယ်ဂျုံးတို့က လာကြတော့မှာမဟုတ်ဘူး"
စေ့စပ်ပွဲကိုသတို့သားလောင်းမလာဘူး
ဆိုတာဟာ ဘယ်လောက်တောင်
စိတ်ဆိုးဖို့ကောင်းလိုက်သလဲ
ဒါပေမဲ့ ပြောပြနေတဲ့ ဆူးရဲ့မျက်နှာဟာ ပျော်ရွှင်မှုကိုဖုံးကွယ်ထားသလိုမျိုး..။"ဘာကြောင့်တဲ့လဲ"
ဒေါသထွက်နေသော်ငြား လူကြီးလူကောင်းဆန်ဆန်
လေသံအေးအေးနဲ့ဆူးကိုမေးတဲ့ ဦးလေးကင်ကိုကြည့်ရင်း သောက်လက်စ ကော်ဖီခွက်လေးကိုချယ်
ပြန်ချလိုက်မိတယ်...သူများမိသားစု ဒေါသထွက်စရာကိစ္စရှိနေတဲ့ အချိန်မှာ အလိုက်မသိလို့မရဘူးလေ။"တကယ်တော့...သမီးအစ်ကို့ကို မယူချင်လို့
အစ်ကိုနဲ့တွေ့ကတည်းကအကြောင်းစုံကိုပြောပြပြီးသွားပြီ..အစ်ကိုကလဲ နောက်ဆုံးတော့ လက်ခံပေးခဲ့ပါတယ်
အဖေစိတ်ဆိုးမှာသိပင်မဲ့ သမီးဘယ်လိုမှ အဲ့အစ်ကိုကိုချစ်လို့မရဘူး အဲ့တာကြောင့်ပါ.."တုန်ရီရီဖြစ်နေတဲ့ အသံလေးနဲ့ ကြောက်ရွံ့နေရှာတဲ့သူမ
စားပွဲအောက်ကနေ တုန်ရီနေတဲ့ သူမလက်လေးကိုဆုပ်ကိုင်ထားလိုက်မိတယ်..ဝမ်းသာပင်မဲ့
ဝမ်းနည်းနေပြန်တယ်....ဒီမိန်းကလေး အများကြီးအဆူခံရတော့မှာ။"ကဲ..အားလုံးကြားတဲ့အတိုင်း စေ့စပ်ပွဲဆိုတာ မရှိတော့ပါဘူး....ကင်ဂျီဆူး အားလုံးကိုတောင်းပန်ခဲ့
ပြီးရင် ငါ့စာကြည့်ခန်းထဲဝင်ခဲ့.."ရေခဲထက်အေးစက်နေတဲ့ ဦးလေးကင်ရဲ့အသံနဲ့
ဟန်မြစ်မှာရေစီးနေလိုမျိုးကို မျက်ရည်တွေစီးကျနေတဲ့ဆူးဆိုတဲ့
မိန်းကလေးကြားမှာ
ပတ်ချယ်အနေခက်လိုက်တာပြောမနေပါနဲ့တော့...ဆူးဘာကြောင့်ဒီလိုတွေ အရူးထလဲဆိုတာကို သိချင်နေတဲ့ စိတ်ကလဲထိန်းမရ...
"တကယ်သွားမလို့လားဆူး...မင်းအဖေ ဒေါသထွက်နေတာနော်"
ကြွရောက်လာတဲ့ ဧည့်သည်တွေကို တောင်းပန်စကားဆိုလို့အပြီး လေပူတစ်ချက်မှုတ်ထုတ်ကာ အိမ်အပေါ်ထပ်က စာကြည့်ခန်းဆီ
သွားဖို့ရာ ဟန်ရေးပြင်နေတဲ့
ဆူးကြောင့် ပတ်ချယ်ဟာ မနေနိုင်စွာ မေးလိူက်သည်။
YOU ARE READING
SUNISY(Sunflower+Daisy)
Fanfictionရူဘီဆိုတာ ကပ္ပတန်သိပ်မြတ်နိုးရတဲ့ အမျိုးသမီး..... ပုံစံတစ်မျိုးလေးနဲ့ ပြန်လာပါပြီဗျာ ဒီတစ်ခါဇာတ်လမ်းလေးက 1970sလောက်က စစ်မေကပ္ပတိန်မလေးနဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့လေ... ရေးချင်နေတာကြာခဲ့ပြီနည်းနည်းရှေးကျတဲ့ပုံစံလေးနဲ့ ရေးမှာဆိုတော့အမှားပ...