Part 1 : 8 Years Later

2.7K 127 5
                                    

(Unicode)

" တီချယ် လေဆိပ်ရောက်ပြီ သမီး "

ခပ်ချိုချိုစကားသံနဲ့တင် နှလုံးခုန်နှုန်းမြန်စေတယ်လို့ပြောလျှင် ပိုရာကျမည်လား မပြောတတ် ။ သို့သော် မေမြတ်သော် အတွက်တော့ ဒါဟာ အမှန်တရားဖြစ်သည် ။

" လေယာဉ်က နောက်တစ်ဆင့်ပြောင်းရဦးမှာနော် တီချယ် ။ အဲဒီကျရင် တစ်ခါထပ်ဖုန်းဆက် ။ လေယာဉ်ဆိုက်ချိန်မတိုင်ခင် သမီးကြိုလာခဲ့မယ် "

" အင်း အင်း "

" တီချယ် စိတ်လှုပ်ရှားနေတာလား "

ဒါဟာ ယဉ်လေးနွယ် အတွက်ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်သလို ပထမဆုံးလေယာဉ်စီးရမည့်အခေါက်လည်းဖြစ်သည် ။ အဖော်မပါဘဲ တစ်ယောက်တည်းသွားရတာမို့ စိတ်လှုပ်ရှားနေတာ ဖြစ်သင့်တယ်မလား ။

" ဒါပေါ့ တစ်ယောက်တည်းလည်း တစ်ယောက်တည်း ။ ပြီးတော့ ပထမဆုံးလေယာဉ်စီးတာဆိုတော့ "

" တီချယ်က ကားမူး‌တတ်ပေမယ့် လေယာဉ်တော့ မူးမယ်မထင်ပါဘူး ။ အေးဆေးပေါ့ ဆေးတွေတော့ပါတယ် မဟုတ်လား "

ကျစ် ဒီအမျိုးသမီးနဲ့ပက်သက်လာလျှင် အသေးစိတ်မှတ်မိပြီး စိတ်ပူနေတတ်သည့် ကိုယ့်ကိုယ့်ကိုယ် မြတ် မုန်းသည် ။ နိုင်ငံခြားကိုထွက်လာတာ (၈) နှစ်‌တောင်ရှိပြီပဲ ။ မေ့လိုက်ပါတော့လား အခုတော့ အသေးစိတ်ကအစ မှတ်မိနေတုန်း ။

" ပါပါတယ် ။ မြတ် သုံးနေကျ ထွန်းရွှေဝါ ရှူဆေးလေးတောင်ပါသေး "

ဟော ဒီအမျိုးသမီးနဲ့တော့ ခက်ပြီ ။ လွန်ခဲ့တဲ့ (၉) နှစ်လောက်က မြတ်အကျင့်ကို ဘာကိစ္စနဲ့များ မှတ်မိနေရသေးသလဲမသိ ။

" မြတ် မသုံးတော့တာကြာပါပြီ တီချယ်ရယ် ။ ကဲ Los Angeles ရောက်မှ တွေ့ကြတာပေါ့ "

" See you later မြတ် "

" ဟုတ် တီချယ် "

တကယ်တမ်းဆို ဒီခရီးစဉ်ကို စခဲ့တာ မြတ်ရယ်ပါ ။ (၁၀) တန်းပြီးနိုင်ငံခြားကိုမထွက်ခင်ကတည်းက မြတ် အခြေကျရင် တီချယ်ယဉ်လေးနွယ်ကို အလည်ခေါ်ဖို့ဆိုတာ မြတ်ရဲ့ အိပ်မက်တစ်ခုလိုကို ဖြစ်နေခဲ့သည် ။ အခုလို အိပ်မက်ကိုအကောင်အထည်ဖော်ရပြန်တော့လည်း ပျော်သလို မပျော်သလိုနှင့် ရင်ထဲ လေးနေပြန်သည် ။

Yesterday, Today, ForeverWhere stories live. Discover now