(Unicode)
ဒီနေ့ မြတ်တို့ ၉ တန်းစာသင်နှစ်ရဲ့ နောက်ဆုံးရက် ။
ညကတစ်ညလုံး ငိုထားသည့်အရှိန်ကြောင့် မျက်ဝန်းတို့က မို့အစ်နေသည် ။ ဇီဝဗေဒတစ်ဘာသာဖြေရန်ကျန်သေးသော်လည်း စာက ကောင်းကောင်းမရ ။ စာမေးပွဲဖြေခါနီး ခဏသာ စာကို ဟိုဟိုသည်သည် လှန်ကြည့်ဖြစ်သည် ။ ခေါင်းထဲမှာ တီချယ်နှင့်ခွဲရတော့မည်ဆိုသည့် အသိတစ်ခုသာ ရှိသည် ။
စာမေးပွဲဖြေခါနီး နာရီဝက်အလိုတွင် စာသင်ခန်းထဲသို့ တီချယ်ရောက်လာသည် ။ အစိမ်းရောင်ရင်ဖုံးထဘီ ဝမ်းဆက်ကို အပေါ်မှ အဝါရောင် ကုတ်အင်္ကျီလေးထပ်ထားသည် ။
" ကဲ တစ်ဘာသာပဲကျန်တော့တာ ကောင်းကောင်းဖြေခဲ့နော် "
" ဟုတ်ကဲ့ "
" ဒီနေ့ တီချယ်က လုံချည်အစိမ်း အင်္ကျီ အစိမ်းနဲ့မို့ စိမ်းကားတာတော့မဟုတ်ပါဘူး ။ ဒီတိုင်း အိတ်လေးနဲ့လိုက်အောင်ဝတ်လာတာ "
မြတ် တီချယ့်ကိုသာ စိတ်လိုလက်ရငေးကြည့်နေမိသည် ။ ပထမဆုံး အပြီးအပိုင်ခွဲလိုက်ရတော့မည်ဆိုသည့်အသိက ရင်ဝကို မီးစနှင့်ထိုးသလို ပူလောင်ရသည်လေ ။
စာမေးပွဲမှာလည်း ဘာတွေမေးမှန်းမသိ ။ ကိုယ့်ကိုယ်ကိုယ် အောင်သည်ဆိုတာ သေချာတာနှင့် အခန်းထဲက ထွက်လာခဲ့သည် ။ တီချယ်ကတော့ ဘာမှမပြောပေ ။ သူငယ်ချင်းတွေက စာမေးပွဲပြီးသည်နှင့် အိမ်ပြန်ရန်ပြင်ကြသော်လည်း မြတ်ကတော့ အိမ်ကို နောက်ကျမှ လာကြိုခိုင်းထားသည်မို့ ရေချိုးရန်ပြင်လိုက်သည် ။ အိပ်ရာထကာစကထက် အနည်းငယ်ပို၍ လန်းဆန်းသွားသော်လည်း စိတ်တွေကတော့ မကြည်နိုင်သေးပေ ။ တဖြည်းဖြည်းနှင့် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားသည်မှာ အဆောင်တစ်ခုလုံး ခြောက်ကပ်သွားသည်အထိ ။
" မြတ်ရေ "
" ရှင် "
" ဘယ်သူမှလည်းမကျန်တော့ဘူးဆိုတော့ တီချယ်တို့အပြင်သွားရအောင်လေ "
" ဟုတ်ကဲ့ တီချယ် "
ထိုနေ့က မြတ်စားချင်တာတွေ လိုက်ကျွေးကာ မြတ်တို့နှစ်ယောက်ဆင်တူ အမှတ်တရအနေဖြင့် အင်္ကျီလေးတွေပါဝယ်ခဲ့ကြသေးသည်။ အပြုံးတွေအများကြီး ဖလှယ်ခဲ့ရသော အချိန်ကလေးမို့ ထိုမှတ်ဉာဏ်ကို တစ်နေရာတွင် သိမ်းထားချင်စိတ်ပင် ဖြစ်မိသည်။
YOU ARE READING
Yesterday, Today, Forever
Romance{ Teacher × Student } " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " Unicode + ZawGyi