Part 2 : Memories

869 80 5
                                    

(Unicode)

" တီချယ် ပင်ပန်းနေပြီလား ။ နားချင်သေးလား "

" ရပါတယ် သမီးရယ် ။ လေယာဉ်ပေါ်မှာ သိပ်မစားခဲ့တော့ ဗိုက်ဆာနေပြီ ။ ညစာအရင်စားကြရအောင်လေ "

" ဟုတ်ပြီ တီချယ် "

မြတ် Booking တင်ထားသည့် စားသောက်ဆိုင်သို့ တန်းမောင်းလာခဲ့သည် ။

" Reservation for Amelie Clarkson "

" Right this way ma'am "

ခရီးအဝေးကြီးကလာရ၍ ခပ်နွမ်းနွမ်းဖြစ်နေသည့်တိုင် တီချယ်က လှနေသေးသည် ။ မြင်နေကျ ဝတ်စုံကို ဝတ်ထားတာမဟုတ်သောကြောင့်လည်းကောင်း ၊ တီချယ့် အလှကြောင့်လည်းကောင်း အတော်များများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည် ။

" ဘာမှာမလဲ မဒမ် "

" တီချယ် ဘာစားချင်လဲ "

မကြားဖူးသည့် ဘာသာစကားတစ်ခုကြောင့် Waitress ကောင်မလေး အနည်းငယ် အံ့ဩသွားသည် ။ မြတ်ကတော့ ရှိရှိသမျှ အာရုံတို့ကို တီချယ့်ဆီသာ ပို့ထားသည် ။

" တီချယ်က ခုမှရောက်ဖူးတာလေ ။ အဲတော့ မြတ်ပဲ စားကောင်းမယ်ထင်တာ ကြည့်မှာလိုက်ပါ ။ တီချယ်က အစားမရွေးဘူး "

မှန်ပါသည် ။ တီချယ်က အစားမရွေးပါ ။ တကယ်တမ်း အစားကြေးများတာက မြတ်ဖြစ်သည် ။

" Steak ၂ ပွဲရယ် Salad တစ်ပွဲရယ် ပေးပါ "

" သောက်စရာအတွက် ဘာများလိုချင်လဲ မဒမ် "

" အာ ... "

ဝိုင် ၊ ဘီယာ ၊ Tequila စတဲ့ alcohol တွေက မြတ်နှင့် ရင်းနှီးနေပြီဖြစ်သော်လည်း တီချယ်က ထိုအရာတွေ တစ်ခုမှ မသောက်ဖူးသည့်အပြင် မြတ်ကိုပါ မသောက်ခိုင်းသည်ကို မှတ်မိနေသည် ။

၁၀ တန်းဖြေပြီး သူငယ်ချင်းတွေနှင့် စုကာ ဝိုင်သောက်ကြစဉ်က တိုက်တိုက်ဆိုင်ဆိုင် တီချယ်ဖုန်းဆက်သည်နှင့်တိုးသွားသဖြင့် ဝိုင်တန်ခိုးဖြင့် အာလေးလျှာလေး ပြောနေသည့် မြတ် အဆူခံရဖူးသည် ။ မနက်မိုးလင်းတော့ တီချယ့်ကို ဘာတွေပြောခဲ့မိမှန်း မြတ် မမှတ်မိတော့ ။ တီချယ်ကတော့ ထိုကတည်းက မြတ်ဆီကနေ ဘယ်တော့မှ ထပ်မသောက်ပါဘူးဆိုသည့် ကတိတောင်းသွားသည် ။ မြတ် ကတိမတည်ခဲ့သည်မှာတော့ အသေအချာပင် ။

Yesterday, Today, ForeverWhere stories live. Discover now