Part 5 : Nightmare

1K 119 17
                                    

(Unicode)

{ Warning : အတိတ်က Rape case ကိုပြန်လည်ဖော်ပြသွားမှာဖြစ်လို့ ဒီအကြောင်းအရာနဲ့ပက်သက်ပြီး sensitive ဖြစ်တယ်ဆိုရင် မဖတ်ဖို့အကြံပေးချင်ပါတယ်ရှင် }

လူတစ်ယောက် ... ။
မြတ် ခန္ဓာကိုယ်အနှံ့ကို မသင့်တော်စွာ ထိတွေ့နေတဲ့ လူတစ်ယောက် ။ ထိုလူဟာ မြတ်ကို ချုပ်နှောင်ထားပြီး မြတ်ကိုယ်ပေါ်က အဝတ်တွေကို တစ်လွှာချင်းဖယ်ပစ်နေသည် ။ ထိုလူ၏မျက်နှာတွင် ရမ္မက်ခိုးတို့ ရဲရဲတောက်လျက် ။

မြတ် ကယ်ပါ ယူပါ အော်နေပေမယ့် အသံကလည်ချောင်းထဲတွင်ပျောက်သွားသည် ။ ထိုလူ၏အားကို ပြန်လည်ခုခံနိုင်စွမ်းလည်းမရှိ ။ ချွေးသီးချွေးပေါက်များ စီးကျနေသည်လား မျက်ရည်တွေကျနေသည်လားလည်း မသဲကွဲတော့ ။

မြတ် အလိုဆန္ဒနည်းနည်းမျှ မပါပါဘဲ မြတ်ခန္ဓာကိုယ်ကို စိတ်ကြိုက်ထိတွေ့နေသည့် ထိုလူဟာ မြတ်အဖွားလေး၏ ယောင်္ကျား ။ အသက်အားဖြင့် ၆၀ ကျော်ပြီဖြစ်သော ထိုလူက အသက် ၁၆ နှစ်အရွယ် မြတ်ကို မတော်မတရားထိတွေ့နေသည် ။ ထိုအကြောင်းအရာကို မြတ် ဘယ်သူ့ဆီမှာ တိုင်တန်းလို့မရ ။

ထိုလူ၏ခန္ဓာကိုယ်မှထွက်လာသော အနံ့က မြတ်ကို အသက်ရှူကြပ်စေသည် ။ အော်ဂလီဆန်လိုက်သည့်ဖြစ်ခြင်း ။

မြတ်လက်တွေကို သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းဆီပို့ပြီး သူ့လက်တွေက မြတ်ရဲ့ဖွံ့ဖြိုးစရင်သားတွေကို ထိ‌တွေ့နေသည် ။ နှုတ်ဖျားမှလည်း ကြား၍မှမသင့်သော စကားကြမ်းကြမ်းတို့ကိုပြောနေသည့် ထိုလူကို မြတ် အသွေးအသားထဲက ရွံရှာသည် ။

အမျိုးဖြစ်နေသောကြောင့်လည်းကောင်း ၊ ထိုလူဟာ အငြိမ်းစားအစိုးရအရာရှိတစ်ဦးဖြစ်နေသောကြောင့်လည်းကောင်း ဘယ်သူ့ကိုမှ မြတ်ရင်ဖွင့်၍ အသုံးမဝင် ။ အမေဆိုသည်မှာလည်း မြတ်ဘက်က ရှိနေမည့်လူမျိုးမဟုတ်တော့ ဒီစိတ်ဒဏ်ရာက တစ်စတစ်စပို၍သာ နက်လာခဲ့လေသည် ။

ချွေးတို့စိုရွှဲနေပြီး မြတ် အသံကို မရရအောင် အာခေါင်ခြစ်၍အော်သည် ။ တစ်ယောက်ယောက် ကျေးဇူးပြုပြီး တစ်ယောက်ယောက် မြတ်ကို ဒီနေရာကနေ ကယ်ထုတ်ပေးကြပါ ... ။

Yesterday, Today, ForeverWhere stories live. Discover now