(Unicode)
ရွှေစိတ်တော်ဆိုးနေတဲ့ ဒေါ်ယဉ်လေးနွယ်ကို ဒူးရင်းသီးဖြင့်ချော့ရန် အပြင်သို့ထွက်လာခဲ့သည်။ ဆိုင်တွင် ဒူးရင်းသီးကိုမှာပြီး ပြုံးရွှင်စွာစားနေသည့်ပုံက ကလေးတစ်ယောက်နှင့်ပင်တူသည်။ မြတ်ကတော့ အနံ့မခံနိုင်၍ ရှူဆေးပုလင်းလေးကို နှာခေါင်းနှင့်အဆက်မပြတ် ကပ်ထားနေရသည်။
ဆိုင်မှထွက်ပြီး ကားပေါ်ပြန်ရောက်တော့ ခုနက ဒေါ်ယဉ်လေးနွယ်ဟာ သူမဟုတ်သည့်အတိုင်း စကားသိပ်မပြောဘဲ တစ်နေရာသို့သာ စိုက်ကြည့်နေသည်။ နှစ်ယောက်လုံးက စကားမစတော့ အတော် တိတ်ဆိတ်နေကြသည် ။ တိတ်ဆိတ်မှု ဒဏ်ကို မခံနိုင်သော မြတ်ကပဲ ထပ်ပြီးတောင်းပန်မိပြန်သည် ။ မြတ်၏ အတွေးလွန်တတ်သောစိတ်အခြေအနေသည် သည်နေရာမှာ တကယ့်ကို အကူအညီမဖြစ်ပေ ။
" ခုနက ကိစ္စအတွက် စိတ်မဆိုးပါနဲ့ တီချယ် မြတ် ထပ်ပြီးတောင်းပန်ပါတယ် "
" ရော် ဒီကလေးမနှယ် မဆိုးပါဘူးဆို ။ ဘာလို့ထပ်တလဲလဲတောင်းပန်နေတာလဲ ။ ဆိုးရအောင် ကိုယ်နဲ့လည်း ဘာဆိုင်တာမှတ်လို့ ။ ဒီတိုင်း မျက်စိရှေ့မှာ နမ်းတာမျိုး မကြုံဖူးတော့ ရုတ်တရက် ကြောင်သွားတာမျိုးပေါ့ ။ အထူးသဖြင့် မိန်းကလေးချင်းဆိုတော့ နည်းနည်းအနေခက်သွားရုံပါ စိတ်မဆိုးပါဘူး "
ပါးစပ်ကသာ စိတ်မဆိုးပါဘူး ထပ်တလဲလဲပြောနေတာ ယဉ်လေးနွယ်ရင်ထဲတော့ မီးတောက်နေလေပြီ ။ မြတ် နှုတ်ခမ်းကို တခြားမိန်းမတစ်ယောက် နမ်းနေသည့် မြင်ကွင်းကိုမြင်ရတာ ဘာလို့နာကျင်စရာ ဒေါသထွက်စရာကောင်းနေပါလိမ့် ။ ဒါတွေကိုတော့ ယဉ်လေးနွယ် မြတ်ကို ထုတ်ပြောပြဖြစ်မည်မဟုတ်ပါ ။
" အင်းပါ အဲဒါဆိုလည်းဟုတ်ပါပြီ "
သဝန်မတိုဘူးဟုပြောသည့် တီချယ့်ကြောင့် မြတ် ၏ ယိုင်နဲ့နဲ့မျှော်လင့်ချက်လေးများ ပျက်သုဉ်းသွားရပြန်သည်။
" ဒါနဲ့လေ အပြင်ထွက်လက်စနဲ့ မြတ်တို့ ရုပ်ရှင်ကြည့်ပြီးမှ ပြန်ကြမလား "
" အင်း ကောင်းသားပဲ ။ တီချယ်နဲ့မြတ်လည်း အတူတူရုပ်ရှင်မကြည့်ရတာကြာပြီ "
YOU ARE READING
Yesterday, Today, Forever
Romance{ Teacher × Student } " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " Unicode + ZawGyi