(Unicode)
မနက်စောစော မရင်းနှီးသော အနံ့တစ်ချို့ကြောင့် မြတ် နှိုးစက်မမြည်ခင် နိုးလာခဲ့သည် ။ အိမ်ရှေ့သွားကြည့်ချင်သော်လည်း အိပ်ရာနိုးနိုးချင်းပုံစံကို တီချယ့်ကို မမြင်စေချင်၍ ရေအရင်ချိုးကာ အလုပ်သွားဖို့အတွက် အဝတ်အစားတစ်ခါတည်း လဲလိုက်သည် ။
ပြီးမှ မီးဖိုထဲသွားကြည့်တော့ ဆံပင်ကို ကပိုကရိုထုံးကာ ချက်ပြုတ်နေသော တီချယ့်ကို တွေ့လိုက်ရသည် ။ ဒီလိုမြင်ကွင်းမျိုးနဲ့သာ မနက်တိုင်းနိုးထရရင် မြတ်လောက်ကံကောင်းတဲ့သူ ဒီစကြဝဠာမှာ ရှိလိမ့်မည်တောင်မထင်ပေ ။
" Morning တီချယ် ။ အားနာရအောင် ဘာလို့လုပ်နေတာလဲ ။ သမီး ပြင်ပေးမှာပေါ့ "
" သမီးနဲ့တီချယ်က အားနာရမယ့်သူတွေလား ။ ပြီးတော့ အိပ်ရာစောစောထနေကျ အကျင့်က LA ထိပါ ပါလာတယ်ထင်ပါရဲ့ ။ ပြန်အိပ်လို့မရတာနဲ့ ရှိတာလေးနဲ့ မနက်စာပြင်ပေးနေတာ "
" ပေါင်မုန့်ကြက်ဥကြော် နဲ့ ကော်ဖီ ။ အာ မွှေးနေတာပဲ ။ မြတ် ကြော်ရင်ကျ ဘာမှလည်း မမွှေးဘူး ။ ဘာလဲ ပေါင်မုန့်ကြက်ဥကြော်က ချောတဲ့ သူကြော်မှ မွှေးတာလား "
" ဟယ် ဒီကလေး မနက်စောစောစီးစီး ပေါက်ကရပြောရော့မယ် "
အရင် မြတ် တစ်ယောက်တည်းနေရသည့် ခြောက်သွေ့သွေ့တိုက်ခန်းထဲတွင် ရယ်သံတစ်ချို့ ဖုံးလွှမ်းသွားသည် ။
" ရှင်လေးက ရေမိုးချိုးပြီးပြီပေါ့လေ "
" တီချယ့်ဖို့ Blazer နဲ့ Skirt ထုတ်ပေးထားတယ် ။ ရေချိုးပြီးရင် အဲဒါဝတ်လိုက်နော် ။ ခုတော့ မနက်စာ တူတူစားရအောင် "
ဗီရိုသော့က သော့ချိတ်လေးကိုလှမ်းမြင်တော့ ယဉ်လေးနွယ် တစ်မျိုးဖြစ်သွားသည် ။ ရင်းရင်းနှီးနှီးမြင်ဖူးလိုက်တာ ။
" မြတ် သော့ချိတ် ဘယ်ကဝယ်တာလဲ တီချယ်မြင်ဖူးသလိုပဲ "
မြတ်က ဟက်ဟက်ပက်ပက်ရယ်တော့ ယဉ်လေးနွယ် ကြောင်သွားသည် ။
" တီချယ်ကလည်း မေ့တတ်ရန်ကော ။ ဒါ တီချယ်ပဲ မြတ်ကိုလက်ဆောင်ပေးထားတာလည်း ။ ရက်စွဲတောင် ထိုးထားသေး ၁၈.၈.၁၂ တဲ့ ။ အဲ့နေက နေ့စွဲလေး လှတယ်နော် ဆိုပြီး ပေးသွားတာ ။ ဒါ မြတ်ကို တီချယ်ပေးတဲ့ ပထမဆုံးလက်ဆောင်ပဲ "
YOU ARE READING
Yesterday, Today, Forever
Romance{ Teacher × Student } " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " Unicode + ZawGyi