Part 11 : Confess To You

816 82 17
                                    

(Unicode)

အတော်လေး ကိုက်ခဲနေသော ခေါင်းကြောင့် ယဉ်လေးနွယ် အိပ်ရာမှနိုးလာသည် ။ နာရီကြည့်လိုက်တော့ မနက် ၂ နာရီခွဲ ။ ရေလည်ဆာနေသဖြင့် အိပ်ရာကထလိုက်တော့ ခေါင်းထဲ ရိပ်တိပ်တိပ် ။

" ဘုရားရေ ငါဘယ်လောက်များသောက်မိသွားတာလဲ "

ယဉ်လေးနွယ်တစ်ကိုယ်တည်းကြားရုံမျှသာ ရေရွတ်ပြီး စားပွဲပေါ်တွင် တင်ထားသော ရေပုလင်းဆီသို့ လက်လှမ်းလိုက်သည် ။ အနားတွင် ဆေးပြားလေးတစ်ပြားနှင့် စာရွက်အပိုင်းလေးတစ်ခုကိုတွေ့လိုက်ရသည် ။ စာရွက်လေးကိုယူကြည့်တော့ မြတ်၏ လက်ရေးသော့သော့ကို မြင်ရသည် ။

' နိုးလာရင် အတော်ခေါင်းကိုက်နေမှာမို့ တီချယ်တစ်ရေးနိုးရင် ဒါလေးသောက်လိုက်ပြီးမှ ပြန်အိပ်နော် '

မြတ်ဟာ ယဉ်လေးနွယ်ကိုတော့ အတော်လေးဂရုစိုက်ရှာသည် ။ မြတ် .. မြတ်ဆိုမှ ညက ဘာတွေများလုပ်မိ‌သေးတာပါလိမ့် ။ အပြင်းအထန်ပြန်စဉ်းစားလိုက်တော့ ယဉ်လေးနွယ်စတင်လိုက်သည့် အနမ်းတစ်ခုက ခေါင်းထဲဖြတ်ခနဲဝင်ရောက်လာသည် ။

ဘုရားရေ ငါ မြတ်ကိုနမ်းလိုက်မိတာပဲ။ အဲတာတင်မကသေးဘူး ချစ်တယ်ဆိုတာပါပြောလိုက်သေးတယ်။ ရှက်လိုက်တာ

ထိုအကြောင်းကို သတိရတော့ ရှက်စိတ်ဖြင့် မျက်နှာကရဲတက်လာသည် ။ မနက်ကျ မြတ်ကို ဘယ်လိုရင်ဆိုင်ရပါ့ ။ ဆက်ပြီးတွေးတောချင်ပေမယ့် ခေါင်းကထိုးကိုက်လာသောကြောင့် အိပ်စက်ရန်သာပြင်လိုက်သည် ။

တစ်ဖက်မှာလည်း မြတ်မှာ ထိုအနမ်းကိုပြန်တွေးမိတိုင်း ရင်ခုန်လွန်းလို့ အိပ်မရပေ ။ အိပ်ရာပေါ်တွင် ဟိုဘက်လှိမ့်လိုက် သည်ဘက်လှိမ့်လိုက်ဖြင့် အမျိုးမျိုးအိပ်ပျော်ရန်ကြိုးစားသော်လည်း အကူအညီမဖြစ်သဖြင့် မနက် ၅ နာရီမတ်တင်းလောက်တွင် အိပ်ရာမှ ထလိုက်သည် ။

လန်းဆန်းသွားအောင် ရေပါတစ်ခါတည်းချိုးလိုက်ပြီး မနေ့ညက သောက်လက်စနေရာကို သန့်ရှင်းရေးလုပ်ရသည် ။ တီချယ်ကတော့ နိုးသေးပုံမရပေ ။ တီချယ်အိပ်ရာနိုးလျှင် သောက်ရန်အတွက် စွပ်ပြုတ်ပါပြုတ်ပေးရန် ပြင်လိုက်သည် ။ ဒါဟာလည်း အမြဲလိုလို အရက်နာကျတတ်သည့် မြတ်အတွက် Elizabeth ၏ကုသနည်းတစ်မျိုးပင် ။

Yesterday, Today, ForeverWhere stories live. Discover now