(Unicode)
ဘေးနားက လူးလွန့်လာသည့် အထိအတွေ့ကြောင့် မေမြတ်သော် နိုးလာခဲ့သည် ။ ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ သူမရဲ့ ချစ်ရသူလေး ။
မြတ်မျက်နှာနှင့် အလွန်နီးကပ်စွာရှိနေသော တီချယ့်၏မျက်နှာလေးကို တယုတယငေးကြည့်ရင်း နဖူးပေါ်က ဆံစတစ်ချို့ကို သပ်တင်ပေးလိုက်သည် ။ နေ့တိုင်း ဒီလိုမျိုးသာ နိုးထခွင့်ရရင် သိပ်ကောင်းမှာပဲ .. ။
" လူကိုစိုက်ကြည့်တာက ယဉ်ကျေးတဲ့အပြုအမူမဟုတ်ဘူးနော် မမေမြတ်သော် "
" အို တီချယ်က လှတာကိုး ကြည့်မှာပေါ့ ။ မြတ်ကို မကြည့်စေချင်ရင် တီချယ်လည်း မလှနဲ့လေ "
" ကြည့်စမ်း စကားတတ်တိုင်းလူကိုအနိုင်ယူနေတာပဲ နိုးနေရင်လည်း ဖယ်တော့ တို့ ထ တော့မယ် "
ပြောပြောဆိုဆိုဖြင့် မြတ်လက်တွေထဲကရုန်းထွက်ကာ ယဉ်လေး ထထိုင်လိုက်သည် ။ ဒါကို အိပ်ရာပေါ်လှဲနေသေးသော မြတ်က ယဉ်လေးလက်ကိုလှမ်းဆွဲထားကာ နှုတ်ခမ်းဆူ၍
" ဟင် morning kiss ကရော "
" အို ဘာ morning kiss တုန်း !"
ယဉ်လေးမျက်နှာ ရှက်သွေးဖြင့် ရဲသွားမည်မှာ အသေအချာပင် ။
" ချစ်တယ်ဆို ညက သူပဲ ချစ်တယ်ပြောပြီး ခုကျ morning kiss လေးတောင် မပေးဘူးပေါ့ အဲလိုလား "
နှုတ်ခမ်းတထော်ထော်ဖြင့် စွာနေသော ထိုကလေးကို အသံတိတ်သွားအောင် ယဉ်လေး အနမ်းတစ်ပွင့်ခပ်မြန်မြန်ပေးလိုက်သည် ။ ထိုအခါမှ မျက်နှာကပြုံးစိစိဖြစ်သွားပြီး ယဉ်လေးလက်ကို လွှတ်ပေးတော့သည် ။
တီချယ် ရေချိုးနေတုန်း မြတ် ဒီနေ့ တီချယ့်ကို date ဖို့ခေါ်သွားရန် စီစဉ်လိုက်သည် ။ သဘာဝတရားကို သဘောကျသည့် အမျိုးသမီးလေးအတွက် The Huntingdon Library ကိုသွားရမည် ။ Library ရှိသည့် San Marino က LA နှင့် ၁၂ မိုင်ကျော်ကျော်သာဝေးသဖြင့် နာရီဝက်လောက်ပဲမောင်းရမည် ။ မြတ်က ကားမောင်းရတာ ကြိုက်သူမို့ အဆင်ပြေသည် ။
San Marino မှာဟိုဟိုသည်သည်လျှောက်လည်ပြီး ညနေပိုင်းလောက်မှ LA ကိုပြန်လာဖို့စီစဉ်လိုက်သည် ။ dinner ကို LA က romantic ဖြစ်သည့် Morden European restaurant The Little Door တွင် reservation လုပ်လိုက်သည် ။
YOU ARE READING
Yesterday, Today, Forever
Romance{ Teacher × Student } " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " Unicode + ZawGyi