(Unicode)
တီချယ် အခန်းထဲက ထွက်သွားတော့ ပြန့်ကျဲနေသည့်ဓာတ်ပုံတွေကြားမှ စာရွက်တစ်ရွက်ထွက်လာသည် ။ တီချယ်မတွေ့သွားတာပဲ ကျေးဇူးတင်ရဦးမည် ။ စာကား အနည်းငယ် တွန့်ကြေဟောင်းနွမ်းနေပြီး မြတ်လက်ရေးဖြင့်ရေးထားသော လွန်ခဲ့သည့် ၇ နှစ်က လွမ်းချင်းများပင် ... ။
လွန်ခဲ့သော ၇ နှစ်ခန့် Florida ပြည်နယ် ... ။
မြတ် ရင်ထဲအတော်မွန်းကြပ်နေသည် ။ အော်ဟစ်၍ ငိုပစ်ချင်နေပေမယ့် မျက်ရည်က ကျမလာတော့ ။ အင်း မျက်ရည်ကျလာရင်တောင် ငိုနိုင်သေးတဲ့အနေအထားမှ မဟုတ်ဘဲ စာသင်ချိန်တစ်ဝက်တစ်ပျက်ကြီးကို ။
မြတ် အခုလို စိတ်အာရုံပျံ့လွင့်ခြင်း၏ အဓိက တရားခံက တီချယ် ။ မနေ့က ညနေပိုင်း တီချယ့်ဆီက ဖုန်းရသည် ။ ကျောင်းတွေပြန်ဖွင့်သည့်ကာလမို့ တီချယ် အလုပ်ရှုပ်နေမှာသိသဖြင့် မြတ်ဘက်က စပြီး ဖုန်းမခေါ်ဖြစ်ပေ ။ တီချယ့်ဘက်က ဖုန်းစခေါ်တာလည်း အတော်ရှားပါသည် ။
Florida timezone နဲ့ မြန်မာနိုင်ငံ timezone က တစ်နာရီခွဲလောက်ပဲကွာတာမို့ တီချယ်ဟာ မြန်မာနိုင်ငံရဲ့ ညနေ ၅ နာရီလောက်မှာ ဖုန်းခေါ်တာဖြစ်မည် ။ အတိအကျပြောနိုင်ရခြင်းမှာ မြတ်ဟာ ညစာကို ပုံမှန် ၆ နာရီခွဲသည်နှင့် စားတတ်သောကြောင့်ပင် ။ မနေ့က မြတ် ညစာစားနေစဉ် ဖုန်းဝင်လာသည် ။ တီချယ့်ဆီမှ ... ။
" ဟဲလို တီချယ် "
" နေကောင်းရဲ့လား မြတ် ။ အဆင်ရောပြေရဲ့လား "
အနည်းနှင့်အများ ကြုံတွေ့နေရသည့် ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို တီချယ် သိစရာမလို ။ အရူးတစ်ယောက်လို တီချယ့်ကို သတိရတိုင်း လည်ချောင်းကွဲမတတ်ငိုခဲ့တာတွေ တီချယ်သိစရာမလိုပေ ။
" ဟုတ် ကောင်းပါတယ် ။ အဆင်လည်းပြေပါတယ် ။ တီချယ်ရော "
" တီချယ်က တစ်နေ့က အထက်လန်အောက်လျှောဖြစ်တာ ။ ပိန္နဲသီးစားမိတာ သိပ်မသန့်လို့နဲ့တူပါရဲ့ ။ ပြီးတော့ အဲ့ဒီနေ့က အစားလည်းစုံသွားတာ ။ မုန့်ဟင်းခါးတွေရော ဘာရောဆိုတော့လေ ။ ၂ ရက်လောက်ခံလိုက်ရတယ် "
ESTÁS LEYENDO
Yesterday, Today, Forever
Romance{ Teacher × Student } " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " Unicode + ZawGyi