(Unicode)
" မနေ့က အကြွားကြီးကြွားထားတဲ့ ဒေါ်မေမြတ်သော် ဘာတွေများလက်စွမ်းပြထားသလဲ "
အမျိုးသမီးတစ်ယောက် လှမလှသိချင်ရင် မနက်အိပ်ရာနိုးနိုးချင်းကိုကြည့် တဲ့ ။ တီချယ်ဟာ အိပ်ရာနိုးနိုးချင်း မပြင်မဆင်ရသေးသည့်တိုင် လည်ပြန်ငေးကြည့်ရလောက်အောင် လှသည့် အမျိုးသမီးပင် ။
" တီချယ့်အကြိုက် Avocado Toast ရယ် Apple Juice ရယ်ပါပဲ တီချယ်ရယ် ။ ကြိုက်တယ်မလား "
" ဒါပေါ့ တီချယ် ထောပတ်သီးကြိုက်တာ ဘယ်လိုသိသလဲ "
" အို ၉ တန်းတစ်နှစ်လုံးအတူနေလာတဲ့အချိန်မှာ ဖျော်ရည်ဆိုရင် ထောပတ်သီးပဲ သောက်တာ မြင်နေရတာပဲကို ။ ဒေါ်ယဉ်လေးနွယ်မှ ထောပတ်သီးမကြိုက်ရင် ဘယ်သူကြိုက်တော့မှာတုန်း "
" ဟား ဟား ဟုတ်ပါပြီရှင် "
ထိုင်ခုံမှာဝင်ထိုင်ကာ မနက်စာစားရင်း လျှောက်လည်မည့် အစီအစဉ်ကို မြတ်ပြောပြလိုက်သည် ။
" ဒီနေ့တော့ ပေါ့ပေါ့ပါးပါး Shopping ပဲထွက်ကြရအောင်လေ "
" ကောင်းသားပဲ ။ တီချယ်က Shopping ထွက်ရတာ တအားသဘောကျတာ "
" သိပါ့ သိပါ့ ။ စားပြီးရင် အဝတ်အစားလဲထား ။ တီချယ်ဝတ်ဖို့ pant နဲ့ shirt တစ်စုံအသင့်ထားထားတယ် "
" အို ဘောင်းဘီ ဝတ်ရမှာလား ။ တစ်ခါမှ မဝတ်ဖူးဘူးရယ် ။ အဆင်ပြေပါ့မလား "
" ပြေတာပေါ့ ။ ဒီနေ့က လမ်းကြာကြာလျှောက်ရမှာ ။ ဒါကြောင့် ထဘီတွေ ၊ စကတ်တွေက အဆင်ပြေမှာမဟုတ်ဘူး "
" ဒီအသက်အရွယ်ကျမှ မြတ်ရယ် "
" အို တီချယ့်အသက်က ဘာဖြစ်နေလို့တုန်းနော် ။ မြတ်နဲ့ထပ်မငြင်းပါနဲ့တော့ တီချယ်ရယ် ။ စားပြီး အဝတ်အစားလဲလိုက် ။ ပန်းကန်တွေက မြတ်သိမ်းလိုက်မယ် "
မနက်ခင်းတိုင်း သီချင်းနားထောင်တတ်တဲ့ မြတ်ဟာ ဒီနေ့လည်း ဝတ္တရားမပျက်စွာဘဲ ပန်းကန်ဆေးရင်း သီချင်းဖွင့်လိုက်သည် ။
" မဖြစ်နိုင်မှန်း သိပါလျက်နဲ့ သူ့ကိုပင်
ရွှေဘုံမင်းသမီးလေးကိုမှ ကိုယ်ကလိုချင်
ဖွင့်ကာပြောမိပြန်လည်း ကိုယ့်အပေါ်တွင်
သူစိတ်ဆိုးမုန်းသွားမှာလည်း ကိုယ်ကမလိုချင် ... "
YOU ARE READING
Yesterday, Today, Forever
Romance{ Teacher × Student } " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " " ဘယ်လောက်ပဲဝေးဝေး မြတ်နှလုံးသားထဲမှာ တီချယ်ရှိနေရင် မြတ်နဲ့တီချယ်က နီးနီးလေးပါပဲကွယ် " Unicode + ZawGyi