Part 9 : Why not me?

284 35 0
                                    

(Unicode)

" မြတ် "

" ရှင် "

Starbucks ဆိုင်ထဲတွင် cappuccino တစ်ခွက်ကို အရသာခံသောက်ရင်း တီချယ့်၏ခေါ်သံကြောင့် မြတ် ကြည့်လိုက်မိသည်။ တီချယ့် မျက်နှာသည် ကိစ္စတစ်ခုကို လေးလေးနက်နက်ပြောချင်နေသည့်ပုံ။

" တီချယ် ဘာပြောမလို့လဲ ပြောလေ "

" ပြောတာထက် မေးချင်တာပါ။ ဒါပေမယ့်လည်း ဟို.. အားနာလို့ "

" မေးပါ တီချယ်ကလည်း မြတ်က အားနာစရာလူမှမဟုတ်ဘဲ "

မြတ်စကားကိုကြားမှ တီချယ်က သက်ပြင်းသဲ့သဲ့ချကာ စိတ်ဆုံးဖြတ်ပြီးဟန်ဖြင့် မေးလေသည်။

" မြတ် တီချယ့်ကို ချစ်ခဲ့တာ စတွေ့ကတည်းကလား "

" အဟွတ် ဟွတ် "

မထင်ထားသည့် မေးခွန်းကိုမေးလာသည်မို့ မြတ် ဟန်မပျက်သောက်နေသည့် ကော်ဖီပင် သီးသွားရသည်။

" အို ဒီကလေးကလည်း ဖြည်းဖြည်းသောက်မှပေါ့ ရရဲ့လား "

" ရ ရပါတယ် နည်းနည်း အံ့ဩသွားလို့ပါ "

" ... "

" တီချယ် တကယ်သိချင်တာလား "

" အင်း "

တီချယ့် မျက်နှာသည် စနောက်နေသည့်အသွင်မရှိတာမို့ မြတ်လည်း အလုံးစုံသေချာပြောပြရန်ပြင်လိုက်သည်။

" လာပါ အရင်ဆုံး တစ်နေရာ သွားထိုင်ရအောင် ဒီနေရာက နည်းနည်းလူများတယ် "

Introvert ပီသသည့် မြတ်သည် လူရှုပ်သည့်နေရာများဆို မကြိုက်ပေ။ ယဉ်လေးနွယ်သည်လည်း ထိုနည်းတူစွာပင်။ ထို့ကြောင့် ကမ်းခြေဘက်သို့ကားမောင်းလာပြီး ‌လူရှင်းသည့် တစ်နေရာတွင် ထိုင်လိုက်ကြသည်။ ပင်လယ်ပြင်ကို ဖြတ်၍ တိုက်ခတ်လာသောလေမှ ဆားနံ့များကို ရပြီး အေးမြခြင်းကိုခံစားလိုက်ရသည်။

" အေးချမ်းလိုက်တာ "

" ဟုတ်တယ် မြတ် စိတ်ရှုပ်ရင် ဒီနားလေးလာထိုင်ပြီး သီချင်းနားထောင်နေတာပဲ "

" ခုနက တို့မေးခွန်းကိုဖြေလို့ရပြီလား "

" အင်း ဟုတ်တယ်။ မြတ်က တီချယ့်ကို အဲဒီကတည်းက ချစ်ခဲ့တာ။ မြင်မြင်ချင်းကတည်းက တီချယ်က သိပ်ကိုလှလို့ သဘောကျမိတာ၊ နောက်ပိုင်းတော့ အတူနေလာရင်း သံယောဇဉ်ဖြစ်လာပြီး တီချယ့်ကို ပိုပိုချစ်လာတာလေ။ အင်း...အခုလို ၁၅၀၀ ချစ်ခြင်းမျိုး‌နဲ့တော့ ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်းမဟုတ်ဘူး‌ပေါ့လေ။ အဲ့အရွယ်တုန်းက သေချာမှ မဆန်းစစ်နိုင်သေးတာ။ ဒါပေမယ့် အဲဒီကတည်းက ချစ်ခဲ့တာတော့သေချာတယ်။ စစချင်းကတည်းက မြတ်က တီချယ့်နောက်ကို အရိပ်လိုလိုက်နေတာ တီချယ်ပဲ မသိတာပါ "

Yesterday, Today, ForeverWhere stories live. Discover now