[၁၈]

1.3K 65 2
                                    

Unicode

ရွာသားတွေနဲ့ ညွှန်းကို မိတ်ဆက်ပေးပြီး၊ ရွာသားတွေပြန်သွားကတည်းက ဆရာတော်ဘုရားနှင့်စကားလက်ဆုံကျနေခဲ့သည်မှာ ညနေစောင်းခါနီးမှသာ စကားစပြတ်တော့သည်။ နေ့လည်စာကိုလည်း ဆရာတော်ဘုရားစွန့်သည့် ငှက်ပျောသီးကိုသာစားပြီး ရေသောက်ကာ ဝမ်းရေးအတွက်ဖြည့်ဆည်းရသည်။

ဆရာတော်ဘုရား ပြောကြားချက်အရ ဦးစိုင်းလုံဟာ နမ့်ပဒေါင်းရွာ၏ ရွာသူကြီးဖြစ်ကြောင်း သိခဲ့ရသည်။
နမ့်ပဒေါင်းရွာဟာ မည်မျှ အယူသီးကြောင်း ၊ မည်မျှရှေးရိုးစွဲကြောင်းကိုလည်း ဆရာတော်ဘုရားထံမှတစ်ဆင့်ကြားသိခဲ့ရသည်။

ဒီရွာကလူတွေ ရှေးရိုးဘယ်လောက်စွဲတယ်ဆိုတာ နေ့လည်ကပဲ သူကိုယ်တွေ့ကြုံခဲ့ရသည်မဟုတ်လား။

"ဒါဆို တပည့်တော်တို့ကို ပြန်ခွင့်ပြုပါအုံးဘုရား"

ဦးသုံးကြိမ်ချကာ ဝတ်ပြုပြီး နှုတ်ဆက်စကားဆိုတော့ ဆရာတော်ဘုရားက ခေါင်းညိတ်ပြသည်။ ဘေးနား၌ ချထားသည့် ကျောပိုးအိတ်ကို လွယ်ရန်ပြင်လိုက်တော့ ဆရာမလေးမြစံပယ်ညိုက သူကိုင်ထားသည့် ကျောပိုးအိတ်ကို လှမ်းကိုင်လာတာကြောင့် သူ ဆရာမလေးအား မျက်လုံးလှန်ကြည့်လိုက်သည်။

"ညို သယ်ပေးပါ့မယ်... ရှင်လည်း တစ်နေကုန် ခရီးနှင်လာရတာဆိုတော့ ပင်ပန်းနေမှာပေါ့"

အကျိုးအကြောင်း ဆီလျော်စွာ အကြောင်းပြချက်ပေးလာတော့လည်း အားနာနာနှင့်ပင် သူလက်ခံလိုက်ရသည်။ ကိုက်ခဲနေသည့် ခန္ဓာကိုယ်​က သူ့ခန္ဓာကိုယ်ကို သယ်ဖို့ပင် အနိုင်နိုင်မဟုတ်လား။ ထို့နောက် သူလည်း Luggageကို ဆွဲကာ ၊ ဆရာမလေးနှင့်အတူ ကျောင်းပေါ်က ဆင်းလာခဲ့ကြပြီး ရွာလမ်းလေးအတိုင်း သူနေထိုင်ရမည့် အိမ်သို့လျှောက်လာခဲ့သည်။

ရွာလမ်းတစ်လျှောက်မြင်တွေ့နေရ
သည့် မြင်ကွင်းတို့က မျက်စိမလွှဲချင်လောက်အောင် စွဲဆောင်မှုရှိလှသည်။ မြို့ပေါ်မှာလို တစ်ခြံနှင့်တစ်ခြံကြား ခြံစည်းရိုးကာရံထားခြင်းမရှိပဲ ၊ ခြုံပင်တို့ကို အိမ်ပတ်ပတ်လည်တွင်စိုက်ထားကာ ခြံစည်းရိုးအဖြစ် တစ်ခြံနှင့်တစ်ခြံကြား အရံအတားပြုထားကြ၏။ သစ်ပင်၊ ဝါးပင် ပေါများသော အရပ်ဒေသဖြစ်တာကြောင့် ပျဥ်ထောင်အိမ်များ သာအတွေ့များသည်။ တိုက်ခံအိမ်ကလေးတွေ ရှိပေမယ့်လည်း တစ်အိမ်စ နှစ်အိမ်စ သာ။

ညွှန်းဖွဲ့မမီ [Completed]Where stories live. Discover now