[၁]

5.6K 191 5
                                    

Unicode

၂၀၁၆ ခုနှစ် ၊ ဇွန်လ။

အေးချမ်းသာယာဖွယ်ရှိလှသည့် နယ်မြို့လေးတစ်မြို့။ ထိုနယ်မြို့လေးထဲတွင်ပါဝင်သည့် ရပ်ကွက်ငယ်လေးထဲရှိ ဗေဒါရောင်ခြယ်မှုန်းထားတဲ့ နှစ်ထပ်တိုက်ကလေး၏ ခြံရှေ့တွင်မူ

"မိညွှန်းရေ ! မိညွှန်း"

ခြံရှေ့ကနေ ခုနစ်အိမ်ကြား၊ရှစ်အိမ်ကြား လောက်တဲ့အသံနဲ့ အော်ခေါ်နေ
သည့် အာပြဲစိန် သူငယ်ချင်းမရဲ့အသံကိုကြားတာနဲ့ စားပွဲပေါ်တင်ထားသည့် ခရမ်းရောင်ကျောပိုးအိတ်ကလေးအားကောက်လွယ်လိုက်ပြီး မေမေ့အားနှုတ်ဆက်လိုက်သည်။

"မေမေ ညွှန်း ကျောင်းသွားတော့မယ်နော်။ ခြံရှေ့မှာ အာပြဲစိန်မရောက်နေပြီ"

မေမေက ထုံးစံအတိုင်း အပြုံးတစ်ပွင့်ဆင်မြန်းပြီး ခေါင်းညိတ်ပြကာ ဂရုတစိုက်သွားရန် မှာကြားသည်။

"ဂရုစိုက်သွားနော် သား"

"ဟုတ်ကဲ့ မေမေ မွ!"

မေမေ့အား အနမ်းတစ်ပွင့်ပေးပြီးသည်နှင့် ညွှန်း ခြံရှေ့သို့ ပြေးထွက်လာခဲ့သည်။

"ဒေါ်ရွှေဇင်ထိပ်ထား ခင်ဗျ။ ဘယ်အချိန် ဘယ်ကာလရောက်မှ ကျွန်တော်မျိုးကို မိညွှန်း လို့ခေါ်တာ ဖျောက်မလဲခင်ဗျ"

ညွှန်း က နာမည်အပြည့်အစုံခေါ်လိုက်တာကြောင့် သူငယ်ချင်းမလေးက ဒေါသထွက်သွားဟန် ၊ မျက်နှာတစ်ပြင်လုံး နီရဲလာသည်။ အတန်ကြာသည်အထိ ညွှန်းအား စိုက်ကြည့်နေရာမှ အသံပြဲဖြင့် ထအော်ပြန်သည်။

"အား ! ညွှန်းဖွဲ့မမီ နင့်ကိုငါ နာမည်အ
ပြည့်အစုံ မခေါ်နဲ့လို့ပြောထားတယ်လေ"

"နာမည်အပြည့်အစုံ မခေါ်စေချင်ရင် ငါ့ကိုလည်း မိညွှန်းလို့မခေါ်နဲ့လေ"

"ငါက နင့်ကို ချစ်လို့ ချစ်စနိုးနဲ့ခေါ်တာလေ"

"ချစ်စနိုးနဲ့ ခေါ်တယ်ဆိုလည်း နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် ခေါ်လေ။ ဘာလို့ လော်စပီကာ အသံနဲ့ အော်ခေါ်နေရတာလဲ။ ရပ်ကွက်ကကြားရင် ငါ့ကို မိန်းကလေးလို့ ထင်ကုန်မှာပေါ့"

ညွှန်းဖွဲ့မမီ [Completed]Where stories live. Discover now