[၂၉]

1.4K 52 0
                                    

Unicode

"ဟင့်အင်း သားတို့က ဆရာလေးကိုပဲလိုချင်တာ ဆရာလေးနဲ့ပဲသင်ချင်တာ ဆရာလေးထွက်မသွားပါနဲ့"

"မေမေ မေမေ ဆရာလေးကို ထွက်မသွားအောင်ဝိုင်းပြောပေးပါအုံး"

ဗိုက်ပူလေးက ညွှန်းရင်ခွင်ထဲကနေထွက်ပြီး သူ့အနောက်မှာထိုင်ပြီး ချော့နေသည့် မအေးကျော်ကိုအကူအညီတောင်းပြန်သည်။ အခြေအနေတွေက အခုမှပဲ ရုတ်ရုတ်သဲသဲဖြစ်လာတော့သည်။ ကလေးတွေကလည်း ညွှန်းဘေးမှာ ဝိုင်းထိုင်ပြီးငိုနေကြသလို ရွာသူရွာသားတွေကလည်း ကလေးတွေကိုကြည့်ပြီး မျက်ရည်မဆည်နိုင်ဖြစ်နေကြတော့သည်။

"ဟုတ်ပါတယ် ဆရာလေးရယ် အခုလိုတော့ကလေးတွေကို ထားပြီးထွက်မသွားပါနဲ့။ ကျွန်မတို့ရွာသားတွေစုပြီး စိုင်းလုံကို ဖျောင်းဖျနားသွင်းကြည့်ပါအုံးမယ်။ ဆရာလေးက ဒီရွာမှာ အချိန်အကြာဆုံးနေခဲ့တဲ့သူမို့ ကလေးတွေကလည်း သံယောဇဥ်တွယ်နေပါပြီ။ ချက်ချင်းကြီးတော့ထွက်မသွားပါနဲ့ ဆရာလေးရယ်"

မအေးကျော်ပြောတာလည်း မှန်ပါသည်။ ညွှန်းရှေ့က ဆရာ ဆရာမတွေဆို ကလေးတွေရဲ့ဒဏ်ကိုမခံနိုင်လို့ တစ်ပါတ် နှစ်ပါတ်နှင့်ပြန်ပြေးကြသည့်အကြောင်းကို ခမ်းနောင်လေးပြောပြလို့ သိထားပြီးဖြစ်သည်။ ညွှန်းကိုယ်တိုင်ကလည်း ကလေးတွေအပေါ်မှာသာမက ဒီရွာကိုရောက်စကနေစပြီး အခုအချိန်အထိ တာဝန်မပျက် နေ့စဥ်ရက်ဆက် ဟင်းတစ်ခွက်လာပို့ပေးတတ်သည့် ရွာသားတွေအပေါ်မှာလည်း သံယောဇဥ်ကြိုးနွယ်နေပြီဖြစ်သည်။

ထိုသို့ ဟင်းတွေလာပို့တိုင်း ပင်ကိုယ်အားနာတတ်သည့်စိတ်ကြောင့် အားနာကြောင်း ထုတ်ဖော်ပြောသော်လည်း "အားမနာပါနဲ့" "ဆရာလေးတို့ကိုစားစေချင်လို့လာပို့တာပါ" ဆိုတဲ့ နွေးနွေးထွေးထွေး စကားသံလေးတွေကြောင့် အားနာနာနဲ့ လက်ခံခဲ့ရသည်က နေ့စဥ်ရက်ဆက်။ မိသားစုနည်းတူ နွေးနွေးထွေးထွေး ဆက်ဆံပေးကြတဲ့ ရွာသားတွေအပေါ် လိမ်လည်ထားမိတဲ့အတွက်လည်း အင်မတန်အားနာလွန်းလှသည်။ မျက်နှာမပြနိုင်အောင်လည်း ရှက်ရသည်။

"ဒီကိစ္စက ညို နဲ့မဆိုင်ဘူးဆိုပေမယ့် ညို့ကို စကားနည်းနည်းလောက်တော့ ပြောခွင့်ပြုပါ"

ညွှန်းဖွဲ့မမီ [Completed]Where stories live. Discover now