[၂၃]

1.5K 73 5
                                    

Unicode

"ဘာလို့ပြန်လာတာလဲ"

စတွေ့ကတည်းက သူ့ကိုရင်ခွင်ထဲအတင်းဆွဲသွင်းပြီး ပွေ့ဖက်ထားတဲ့
မောင့်ကြောင့် တောင်ပေါ်တက်လာသည့် ရွာသားတစ်ယောက်ယောက်ကများ သူတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မြင်သွားလျှင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ စာသင်ခန်းထဲကို ဝင်လာခဲ့ကြပေမယ့် ၊ အခန်းထဲရောက်တော့လည်း နှစ်ယောက်သား အာစေးမိနေကြသည့်နှယ်၊ စကားတစ်ခွန်းမျှမဆိုမိကြ။ တိတ်ဆိတ်နေသည့် သူတို့နှစ်ယောက်ကြားက စကားဝိုင်းကို သူ့ဘက်မှစတင်ကာ ပြန်လည်အသက်သွင်းလိုက်တော့ မောင်က သူ့မျက်နှာကို တစ်ခဏမျှ ငေးနေပြီးမှ ၊ အကြည့်လွှဲသွားကာ ပြန်ဖြေလာသည်။

"ဖြေရှင်းချက်လိုသေးလို့လားကွာ"

ကွဲကွာသွားတဲ့ ငါးနှစ်တာ ကာလအတောအတွင်းမှာ မောင်ဟာ သိပ်ကိုပြောင်းလဲသွားတယ်။ ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲလာတယ်။ အရင်က သူဘာမေးမေး စိတ်ရှည်လက်ရှည်နဲ့ ဖြေတတ်တဲ့မောင်က ၊ အခုတော့ ဖြေရှင်းချက် လိုသေးလို့လားတဲ့။ သိပ်လိုတာပေါ့။ မင်းဘာကြောင့် ငါ့ဆီကို ပြန်လာတယ်ဆိုတဲ့အကြောင်းကို ငါသိချင်တယ်လေ။ ငါ့ဘဝထဲကို ဝင်ချင်တဲ့အချိန်ဝင်လာပြီး ၊ ထွက်ချင်တဲ့အချိန် ပြန်ထွက်သွားမယ်လို့ တွေးနေတာလား မောင်။ ငါ့ကို ဟင်းရွက်ကန်စွန်းလောက်တောင် တန်ဖိုးမထားတာလား။

မောင်က သူ့မျက်ဝန်းတွေကို သေချာစိုက်ကြည့်လာပြီးမှ သက်ပြင်းသဲ့သဲ့ရှိုက်ကာ အကြည့်ပြန်လွှဲသွားသည်။

"ငါ့ဘဝထဲက ထွက်သွားပြီးမှ ဘာလို့ပြန်လာတာလဲ... ငါကျူးလွန်ခဲ့မိတဲ့ အမှားတွေအတွက် ပြန်ပြီး ပေးဆပ်ခွင့်တောင် မပေးပဲနဲ့ ငါနဲ့ဝေးရာကို ထွက်သွားပြီးမှ ဘာလို့ပြန်လာတာလဲ... ထွက်သွားမယ်ဆိုလည်း အဆုံးထိထွက်သွားလိုက်ပါတော့လား"

"ညွှန်း မောင် ရှင်းပြ...."

မောင်က ရှင်းပြဖို့ စကား စလိုက်သော်လည်း ညွှန်းက ခေါင်းခါပြလာတာကြောင့် နှုတ်ဆိတ်လိုက်ရသည်။

"ငါပြောတာပဲ နားထောင်ပေးပါ"

"အင်း အင်း ဟုတ်ပြီ"

ညွှန်းဖွဲ့မမီ [Completed]Where stories live. Discover now