[၁၅]

1.3K 68 0
                                    

Unicode

ဒီလိုနဲ့ မောင်ဆိုတဲ့အမျိုးသားလေးဟာ တစ်ကိုယ်တည်း အေးအေးချမ်းချမ်းရှိနေတဲ့ သူ့ဘဝထဲကို အတင်းဝင်ရောက်လာခဲ့ပြီး ၊ သူ့ဘက်ကတွယ်ငြိနေပြီဆိုတဲ့အချိန်မှ ရုတ်တရက်ထွက်ခွာသွားခဲ့တာ တစ်ပါတ် တင်းတင်းပြည့်ခဲ့ပြီ။ မောင် သူ့ဘဝထဲက ထွက်သွားပြီးနောက်နေ့ကစပြီး သူအိပ်ယာထဲ ဗုန်းဗုန်းလဲသွားခဲ့တယ်။ မောင်ဆိုတဲ့အမျိုးသားဟာ သူ့အပေါ်အဲ့လောက်ထိ လွှမ်းမိုးနိုင်ခဲ့ပါတယ်။

တစ်ပါတ်လုံး အခန်းထဲမှာပဲ နေ နေတာကြောင့် ပျင်းလာတာနဲ့ စိတ်ပြေလက်​ပျောက် ခြံထဲဆင်းပြီး လေကောင်းလေသန့်လေးရှူမယ်ဆိုတဲ့အတွေးနဲ့ ခုတင်ဘေးက စားပွဲပေါ်ရှိ မျက်မှန်ကိုတပ်ပြီး အခန်းတံခါးဖွင့်၍ အခန်းထဲမှထွက်ကာ အောက်ထပ်ကိုဆင်းဖို့ပြင်လိုက်တော့ ဧည့်ခန်းထဲက စကားပြောသံသဲ့သဲ့ကြားလိုက်ရတယ်။ မောင့်ဦးလေးရောက်နေတယ်ထင်တယ်။ မောင့်သတင်းကြားရတော့မယ်ဆိုတဲ့ စိတ်နဲ့ ဝမ်းသာအားရ ပြေးဆင်းဖို့ပြင်လိုက်ပေမယ့် ၊ နေကောင်းခါစဖြစ်၍ နုန်းခွေနေသည့် ခန္ဓာကိုယ်က ပြေးဆင်းဖို့ ခွင့်မပြုခဲ့ဘူး။

အာ့ !

အောက်ထပ်ကိုဆင်းဖို့ လှေကားထစ်တစ်ထစ်ဆီ ခြေတစ်လှမ်းလှမ်းရုံရှိသေး မိုက်ခနဲ မူးဝေသွားတဲ့ ခေါင်းကြောင့် ခပ်တိုးတိုးအော်ညည်းလိုက်ကာ နားထင်ကြောကို လက်တစ်ဖက်နဲ့ အသာဖိနှိပ်ရင်း ၊ လှေကားလက်ရန်းကို အမှီပြုပြီး ကြမ်းခင်းပေါ် ဖြေးဖြေးချင်း ဖင်ထိုင်ချလိုက်ရတယ်။ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ပျော့ညံ့နေတဲ့ ကိုယ့်ကိုယ်ကိုလည်း တော်တော်လေး စိတ်ပျက်မိပါတယ်။

"ဒါဆို သားမောင်က သတိရပြီပေါ့"

"ဟုတ်တယ် မင်းထက်က သတိ​တော့ရပါပြီ ဒါပေမဲ့..."

မောင် သတိရပြီဆိုတဲ့အကြောင်း ကြားလိုက်ရတော့ စိတ်ထဲပျော်ရွှင်သွားရသလို ၊ တစ်ပါတ်လုံး ညှိုးနွမ်းနေခဲ့တဲ့ မျက်နှာထက်မှာလည်း အပြုံးတစ်ပွင့်က နေရာယူလာတယ်။ မောင့် နာမည်လေးကြားလိုက်ရတာနဲ့ သူ့ရင်တွေက အတိုင်းအဆမရှိ ခုန်လာပြန်တယ်။ သို့ပေမဲ့ အပျော်ဆိုတာ သူ့အတွက် ကြာကြာမတည်မြဲခဲ့ပါဘူး။ မောင့် ဦးလေး ဆီက ထပ်ကြားလိုက်ရတဲ့စကားကြောင့် သူ့ရင်တွေနာကျင်လာရပြန်သည်။ ရင်ထဲဆို့နင့်လာရတယ်။ ထိန်းထားသည့်ကြားက မျက်ရည်တို့က ကျလာရပြန်တယ်။

ညွှန်းဖွဲ့မမီ [Completed]Where stories live. Discover now