Part-5

2.8K 318 14
                                    

အမှောင်ရိပ်တို့က တဖြေးဖြေးကြီးစိုးလာသည်နှင့် လမ်းဘေးရှိ မီးရောင်များလည်းလင်းလက်လာ၏။ အခုချိန်လောက်ဆို လူကြီးက အဲ့လူနှင့် ဆိုင်မှာ ညစာစားပြီး နေလောက်ပြီ။ သူ့မှာတော့ စိတ်တိုတိုနှင့် ကားပေါ်က ဆင်းလာခဲ့တာ နေ့လယ်ကတည်းက အခုထိ ဘာမှမစားရသေး။

"အဘိုးကြီး သူ့ကိုစေတနာနဲ့ ထိုင်စောင့်ပေးတာ စေတနာနားမလည်တဲ့ လူ"

လက်နှစ်ဖက်ကို ပိုက်ပြီး ဗိုက်အားပွက်ကာ ဆူပွပွနှင့် ပြောလိုက်၏။ အိမ်ပြန်၍ ရသော်လည်း ဟိုလူရဲ့မျက်နှာကို မတွေ့ချင်သောကြောင့် ဖုန်းပိတ်ထားကာ လျှောက်သွားနေလိုက်၏။

"မပြန်ဘူး... စိတ်ပူအောင် ပစ်ထားမယ်"

မခံချင်စိတ်နှင့်ပြောနေသော်လည်း ဗိုက်က ဆာနေပြီ။ အဖေကလည်း ဖုန်းခေါ်ရမ၍ ဟိုလူကို မေးမှာပဲ။ သူနှင့် အတူသွားသည်ဆိုတော့ နောက်ဆုံး ကေဗရယ့်ကို ရှာမတွေ့လျှင် ဟိုလူကို အပြစ်ပုံချလိမ့်မည်။ ကေဗရယ်ကတော့ ဟိုလူမြန်မာပြည် ပြန်သွားသည်နှင့် အိမ်ပြန်လာမည်။

စိတ်ကို တင်းခံပြီး အပြင်တွင်သာ လျှောက်သွားနေမိ၏။ နှင်းကလည်း ညနေရောက်ပြီဆိုသည်နှင့် တဖွဲဖွဲကျနေတော့သည်။ ဒီနေ့ နေပူသည်ဆို၍ အင်္ကျီပါးပါးလေးတစ်ထည်သာ ဝတ်လာမိတာ အခုမှ ဒုက္ခလှလှတွေ့ရတော့၏။

တစ်ဖက်တွင်တော့ အိမ်ပြန်ရောက်သည်နှင့် ကေဗရယ်ဒွန်းကို မမြင်ရသဖြင့် အခန်းထဲဝင်ကြည့်သော်လည်း အရိပ်ပင်မတွေ့ရ။ထို့ကြောင့် အောက်ထပ်သို့ ဆင်းကာ လေးလေးအား မေးတော့၏။

"လေးလေး ကေဗရယ် ပြန်မလာသေးဘူးလား"

"ဟေ... သားနဲ့အတူသွားတာမလား။ ပြန်လာပြီးမှ ထွက်သွားတာလား။ မတွေ့မိဘူး"

"ဟုတ်လား... သူငယ်ချင်းတစ်ယောက်နဲ့ ညစာသွားစားတဲ့လမ်းမှာ သူဆင်းသွားလို့ အိမ်ပြန်သွားတာထင်နေတာ"

"လေးလေးလည်း သားနဲ့အတူရှိနေတယ်ထင်ပြီး ဖုန်းလည်းမဆက်ကြည့်မိဘူး။ ဒီကောင့်မှာ သူငယ်ချင်းမရှိလို့ ဘယ်တွေလျှောက်သွားနေတာလဲ မိုးချုပ်နေပြီကို"

Blue Existence Where stories live. Discover now