နှင်းဖွေးဖွေးကျနေသည့် ဆာကူရာမြေရဲ့ သန်းခေါင်ယံအချိန်က အေးစက်နေသလားမသိ။ သူ့ဘေး၌ ယှဥ်လျက်လျှောက်နေသည့် ကောင်လေးရဲ့လက်နှင့် တစ်ချက်တစ်ချက်ပွတ်တိုက်မိတိုင်း ခြေဖျားလက်ဖျားများအေးစက်သွားသည်။
"ကိုကို..."
သူအတွေးလွန်နေစဥ်တွင်ပဲ ရုတ်တရက်ခေါ်သံကြောင့် မအူမလည်နှင့် လှည့်ကြည့်မိပြန်သည့်အခါ ရွှန်းရွှန်းစားစားတောက်ပနေသည့် အပြာရောင်မျက်ဝန်းတစ်စုံကြောင့် သူ့နှလုံးသားကို ရေခဲတုံးများ လောင်းချခံရသလို တုန်ယင်အေးစက်သွားသည်။
"ကိုကို...ကိုကိုလို့"
"အမ်...ဟမ်"
"ဘာဖြစ်နေတာလဲ အရှေ့ကအရုပ်ဆိုင်ထဲဝင်ချင်တယ်လို့။ ဘာလဲမလိုက်ချင်တော့ဘူးလား"
"အို...ဟို မဟုတ်ပါဘူး မ...မကြားလိုက်ရ..."
"ဒါဆိုလည်း ဝင်ရအောင် သားလိုချင်တဲ့ဟာရှိလို့"
သူ့စကားမဆုံးလိုက် လက်မောင်းတစ်ဖက်ဆွဲခံရပြီး ကောင်လေးခေါ်ရာအနောက်သို့ ပါသွားရပြန်သည်။ ဆိုင်ထဲရောက်ပြန်တော့လည်း ကောင်လေးက သူလိုချင်သည့်အရုပ်များကို လိုက်ရှာနေရင်း အလုပ်ရှုပ်နေ၏။
ထိုအချိန်တွင်ပင် အိတ်ကပ်ထဲရှိဖုန်းက တုန်ခါလာသည်။ အလုပ်ရှုပ်နေသည့် ကောင်လေးအနောက်လိုက်ရင်း ဖုန်းကိုထုတ်ကြည့်လိုက်သည့်အခါ ဦးမိုကာဆီကဖြစ်နေသည်။ မကိုင်၍မရသည့်ဖုန်းကြောင့် ကောင်လေးကို ဆိုင်ထဲ၌ ထားခဲ့၍ အပြင်ထွက်လာ၏။
"Hello အန်ကယ်"
"အပြင်ရောက်နေတယ်ဆို အိမ်ကိုဖုန်းဆက်သေးတယ်။ သားလေးလေးက သားတို့အပြင်ထွက်သွားတယ်ပြောလို့ သားဆီကိုပဲဆက်လိုက်တာ"
"အရေးကြီးကိစ္စရှိလို့လား အန်ကယ်"
"အရေးကြီးလားဆိုတော့ အရေးကြီးပါတယ်။ အန်ကယ်ကလည်း အလုပ်ကအခုမှနားရလို့ အေးဆေးစကားပြောချင်နေတာ။ သားတို့ရှေ့ရေးအတွက် တိုင်ပင်ချင်လို့"
"ဗျာ"
သူနှင့် ကေဗရယ်ဒွန်းကိစ္စက လူကြီးတွေသဘောတူထားမှန်းသိသော်လည်း အခုချိန်ထိ ကလေးကုလားဆန်လွန်းသည့် ထိုကောင်လေးကို ဘဝလက်တွဲဖော်အဖြစ် သူလက်မခံနိုင်သေးတာအမှန်ပင်။ သူ့မှာ အိပ်မက်တွေရှိသေးသည် ကလေးဆန်လွန်းသည့် ကောင်လေးတစ်ယောက်ကို အလိုလိုက်ပြီး အချိန်ပေးနိုင်မည်မဟုတ်။
YOU ARE READING
Blue Existence
Actionလူကြီး မိုးကောင်းကင်ပြာပြာကို သဘောကျသလို ဒီကမျက်ဝန်းပြာပြာနဲ့ကောင်လေးကိုလည်း သဘောမကျချင်ဘူးလား