"သားက ဘယ်နှစ်တန်းရှိပြီလဲ"
"တတိယတန်းပါ"
"ကျောင်းနေရတာပျော်လား"
"ဟုတ်ကဲ့ ပျော်တယ်။ ကျောင်းမနေရင် အမိုးတို့က ခြံသွားခိုင်းပြီး ငှက်တွေမလာအောင်မောင်းခိုင်းတာ အားကြီးညောင်းတယ် အကို"
"ဟုတ်လား ဖိုးဝတုတ်က ခြံထဲလည်းသွားရသေးတာလား"
"ဟုတ်ကဲ့ ကျောင်းပိတ်ရင် အမြဲသွားရတယ်"
"အမိုးတို့ကိုပြောလိုက်လေ သားကငယ်သေးတယ် ခြံထဲသွားလို့မရသေးဘူးဆိုပြီးပြောလေ"
သူ့ရဲ့စကားကြောင့် ဖိုးဝတုတ်က နှာခေါင်းကို လက်ဖြင့်ကုတ်ပြီး မော့ကြည့်လာသည်။ ထိုကလေးဟာ မျက်လုံးဝိုင်းဝိုင်းနှင့် အလွန်ကိုမှ ချစ်စရာကောင်းနေ၏။ ကေဗရယ်ကိုယ်တိုင် ဒီအရွယ်တုန်းကဆိုရင် မျက်နှာသစ်၊ရေချိုးတာကအစ မိဘတွေလုပ်ပေးရနေတုန်းပင်။
"တုတ်တုတ်ထက်ငယ်တဲ့ ဟိုဖက်ခြံက ကလေးတောင် နေ့တိုင်းခြံထဲသခွားသီးခူးရောင်းနေရပြီ။ သူတို့က ကျောင်းမနေရဘူး။ သီတင်းကျွတ်ကျရင် အဝတ်သစ်လိုချင်ရင် အလုပ်များများလုပ်ရတာပဲ"
"စိတ်မကောင်းလိုက်တာ ကလေးရယ်"
ဖိုးဝတတ်က သူ့ကိုသူ တုတ်တုတ်ဟုခေါ်တတ်သည်။ အခုလည်း ကျောင်းမှာသင်ထားသည့်စာများကို တစ်ကြောင်းချင်းပြန်ဖတ်နေ၏။ ပြီးမှ သူ့ကိုမော့ကြည့်လာကာ...
"အကိုရော ကျောင်းအများကြီးတက်ခဲ့ရလား"တဲ့ သူ့ရဲ့မျက်ဝန်းထဲမှာ မျော်လင့်ချက်တွေအပြည့်ရှိနေ၏။
"အများကြီးပေါ့ ကလေးရယ်။ စာတွေလုပ်စရာမလိုတဲ့အရွယ်ထိတက်ခဲ့ရတယ်။"
"အဲ့တော့ အကိုပျော်လား။ ကျောင်းတွေအများကြီးတက်တဲ့လူက ပညာတက်ကြီးတဲ့ အကိုက တကယ့်ပညာတတ်ကြီးပေါ့နော်"
သူ့ကိုမျော်လင့်တကြီးမေးလာသည့် ကလေးရဲ့မျက်လုံးထဲမှာ အရောင်းများတလက်လက်နှင့် တောက်ပနေသည်။
"သားရော ပညာတတ်ကြီးမဖြစ်ချင်ဘူးလား"
"ဖြစ်ချင်တာပေါ့။ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်လား ဘာလားဆိုတဲ့ဟာ တက်ချင်သေးတယ်။ ဒါပေမယ့် အမိုးနဲ့အပါးက ၄တန်းအထိပဲကျောင်းထားပေးမယ်ပြောတယ်။ ပြီးရင် အဖိုးတို့နွားကို လိုက်ကျောင်းပေးရမယ်တဲ့"
YOU ARE READING
Blue Existence
Actionလူကြီး မိုးကောင်းကင်ပြာပြာကို သဘောကျသလို ဒီကမျက်ဝန်းပြာပြာနဲ့ကောင်လေးကိုလည်း သဘောမကျချင်ဘူးလား