Part- 16

438 61 2
                                    


"ဟိတ် ချာတိတ် မကြားဘူးလား"

ရှေ့က အမြန်လျှောက်နေသည့် ကောင်ငယ်လေး၏ လက်ကို ဆက်ခနဲဆွဲယူလိုက်သည်နှင့် ထိုကောင်လေးရဲ့အပြုအမူတွေက သူ့ကိုအံအားသင့်သွားစေ၏။

"ရော့...ခင်ဗျားအင်္ကျီ ဟိုကောင်မတွေကိုသွားပေးလိုက်။ ဒီအင်္ကျီရသွားရင် ခင်ဗျားကို ပိုချစ်ကြလိမ့်မယ်"

စောစောက အေးမည်စိုး၍ ပေးထားသည့် အင်္ကျီကို သူ့မျက်နှာအား ပစ်ပေါက်ကာ ခြေဆောင့်လျက် ထွက်သွားသော အနှီကောင်ကိုကြည့်ပြီး သူတွန့်ခနဲပြုံးမိသွား၏။ မြေပြင်ကျနေသော အင်္ကျီအား ပြန်ကောက်ယူပြီး ထိုကောင်လေးကို အမီလိုက်ရပြန်သည်။ အိမ်ရောက်သည်အထိ ဆူပုတ်နေလျက် စကားတစ်ခွန်းပင်မပြောသည့် ထိုကောင်လေးက သူ့ကိုများ သဝန်တိုနေသလား။

" ကိုယ် ရေချိုးဖို့အင်္ကျီတက်ယူပေးပါလား"

"ကိုယ့်ဟာကိုယူလေ... မဟုတ်ရင်လည်း ဟိုဟာမတွေကိုယူခိုင်းလိုက် ကျုပ်က မယူပေးနိုင်ဘူး"

လက်နှစ်ဖက်ကိုပိုက်ရင်း ကွက်ပစ်ပေါ်၌ ဆူအောင့်အောင့်နှင့် ထိုင်ချလိုက်သည့် ထိုကောင်လေးကိုကြည့်ရင်း သူခေါင်းယမ်းလိုက်မိတော့သည်။ တစ်ခုခုကို စိတ်ဆိုးလျှင် ထိုသို့ပဲ အရွဲ့တိုက်တတ်သည်ကို သူသိထား၏။ ထို့ကြောင့် ဘေး၌ဝင်ရပ်ပြီး ဆူပုတ်နေသော မျက်နှာကို စိုက်ကြည့်လိုက်သည်။

"တစ်ခုခုတော့ တစ်ခုခုပဲ"

"ဘာတစ်ခုခုလဲ မယူပေးနိုင်ဘူးလို့"

"ဟင်း... ကိုယ့်ကိုသဝန်တိုနေတာလား"

"ဘာ!"

ထိုသို့မေးလိုက်တော့ သကောင့်သားက မျက်နှာရဲခနဲဖြစ်သွားကာ သူ့ကို ပိုပြီးစိတ်ဆိုးနေသည့်လေသံနှင့် အော်လိုက်သည်။ သူကတော့ မထိတထိပြုံးရင်း ကောင်ငယ်လေးရဲ့မျက်နှာအနားတိုးကပ်ကာ မျက်ဝန်းပြာများကို သေချာစွာစိုက်ကြည့်နေသည်။

ဒေါသထွက်နေ၍လားတော့မသိ ကေဗရယ်ဒွန်းဆိုသည့် ကောင်လေးရဲ့ မျက်ဝန်းပြာပြာများက အရည်လဲ့နေသည်။ ပြီးတော့ ပါးမို့မို့ထက်တွင် နီမြန်းနေသည့် အရာက ဒေါသထွက်နေခြင်းမဟုတ်ဘဲ နီးကပ်လာသည့် မျက်နှာကြောင့် ရှက်ရိပ်သန်းနေသည်ဟု ထင်ရ၏။ အနီးအနားတိုးကပ်လာတော့ နီးနီးကပ်ကပ်မြင်နေရသည့် နီထွေးထွေးနူတ်ခမ်းနှစ်လွှာကတော့ တင်းတင်းစေ့ထားလျက်ပင်။

Blue Existence Where stories live. Discover now