"မောင်"
"အင်း"
"နာရီလိုချင်တယ်"
တေးသွားက ချစ်ရသူကို လှည့်ကြည့်ရင်း လျှောက်လာခဲ့၏။
"အင်း ဘယ်နိုင်ငံထုတ်လဲ"
မနေ့ညကမှ မုန့်ဖို့ သိန်း၈၀ပေးထားသည်ကို ဒီမနက်ရောက်တော့ ထပ်ပူဆာပြန်၍ နက်ခ်တိုင် ယူလာပြီး တပ်ခိုင်းကာ...
"ဒီအတိုင်း ဘယ်နိုင်ငံထုတ်ထုတ်ရတယ်။ ကိုဇိုင်းကို မွေးနေ့လက်ဆောင် ပေးမလို့"
"ဟုတ်သားပဲ မောင်လည်း မေ့တော့မလို့"
ဇိုင်းဓနတည်၏ မွေးနေ့က ဒီလပိုင်း ၁၀ရက်နေ့ဆိုတာ အကိုပြောမှ သတိရတော့သည်။
"အဲ့တာ မောင့်အသိတွေကို သီးသန့်မှာထားပေး"
"အင်း မောင်မှာပေးမယ်။ စျေးဘယ်လောက်သုံးချင်လဲ အကိုက"
"ကိုဇိုင်းက အကောင်းစားပဲသုံးတာ အဆင်ပြေတဲ့စျေးသာ သုံးပေးလိုက်"
"ဟုတ်ပြီ မောင်က အလုပ်များနေတော့ ပန်းစည်းနဲ့ တခြားဟာ ပြင်ထားခိုင်းလိုက်မယ်"
တကယ်တမ်း အလုပ်ကို ကြိုးစားပန်းစားလုပ်နေတာ တစ်မျိုးလုံးသိ၏။ နက္ခတ်တေးသွားတို့များ ဘယ်လောက်အောင်မြင်လဲ မပြောနှင့် အိမ်ကချစ်သူကလည်း အသုံးအဖြုန်းကြီး၍ လုပ်နိုင်သလောက် လုပ်နေသည်။
"မောင် မနက်ပိုင်း အစည်းအဝေးရှိတယ်။ အကိုကရော မိဘမဲ့ဂေဟာကို ဘယ်အချိန်လောက်သွားချင်လဲ"
"နေ့လယ် လောက်မှ သွားမယ်။ ဒီမှာ ချက်ပြုတ်နေတဲ့ လူတွေကို လိုက်ကြည့်ထားမလို့။ ထမင်းချက်တဲ့လူက သိတဲ့အတိုင်းပဲမောင်ရယ် စောင့်မကြည့်ရင် အစပ်တွေမလျှော့ဘူး။"
"ကလေးအားလုံး ကျွေးမယ်မလား။ ပိုက်ဆံလိုရင်ပြောနော်"
"အင်းပါ ကလေးတွေကို ဂရုစိုက်ပါတယ်။ မောင်လည်း သွားတော့"
"အင်းအင်း အာဘွားပေးဦး"
လက်ဆွဲအိတ်ကိုင်ပြီး ပါးတစ်ဖက်ထိုးပေးတော့ ပူပူနွေးနွေးအနမ်းတစ်ပွင့် လက်ခံရရှိ၏။
"မောင် ရွှေနဲ့ငွေကို လမ်းကြုံရင် ကျောင်းပို့ပေးပါဦး"
"အိုခေ ဟန်နီ မောင်မြို့ထဲသွားမှာ တစ်လမ်းတည်း တစ်ခါတည်းခေါ်သွားလိုက်မယ်။ ဂရုစိုက်နော် အချစ်ရေ"
YOU ARE READING
Blue Existence
Actionလူကြီး မိုးကောင်းကင်ပြာပြာကို သဘောကျသလို ဒီကမျက်ဝန်းပြာပြာနဲ့ကောင်လေးကိုလည်း သဘောမကျချင်ဘူးလား