"ဒီနေ့ရာသီဥတုက တိမ်များကင်းစင်ပြီး သာယာတဲ့နေ့တစ်နေ့ပါ။ ညနေခင်းကျရင် နှင်းကျနိုင်ချေရှိတဲ့အတွက် အပြင်ထွက်တဲ့ မိဘပြည်သူများ နွေးနွေးထွေးထွေး ဝတ်ခဲ့ဖို့မမေ့ပါနဲ့"
ကားထဲ၌ နှစ်ယောက်သား တိတ်ဆိတ်နေခြင်း အကြောင်းအရင်းက သူ Radioဖွင့်ထားခြင်းဖြစ်သည်။ ဘယ်အချိန်ကတည်းက စိတ်ကောက်နေမှန်း မသိသော ကောင်လေးက သူနှင့်အတူ ဆူပုတ်ပုတ်ပါလာခဲ့၏။
"ဟိတ်! ဘာဖြစ်နေတာလဲ မျက်နှာက"
ကောင်လေး၏ မျက်နှာကို အကဲခတ်ကြည့်ရင်း ပထမဆုံး စကားအရင်ပြောခြင်းဖြစ်သည်။ အနေတည်သည့်သူက စကားပြောရမည်ကို စိတ်မရှည်။ ထို့ကြောင့်လည်း Daddy ကိုးလ်နှင့် စိတ်တူ ကိုယ်တူ၊ အကျင့်တူသည်ဟု ဘိုးဘိုးတွေက စကားထဲ ခဏခဏထည့်ပြော၏။
ကောင်ငယ်က သူ့ရဲ့အမေးကို ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်လေ၏။ မိသားစုကလွဲလျှင် အခြားလူနှင့် ခပ်ကင်းကင်းနေသောကြောင့် အခြားလူ၏ စိတ်ကို မခန့်မှန်းနိုင်။ အသက် ၃၀ သာရှိသွားသော်လည်း တစ်ယောက်တည်း နေရသည်ကို ပိုသဘောကျ၍ သီးသန့်နေတာများ၏။
"မဖြေဘူးဆိုလည်း မဖြေနဲ့ နားညီးသက်သာတယ်"
သူ့ရဲ့စကားကြောင့် ကောင်လေးကမျက်စောင်းထိုးရင်းတငြိမ့်ငြိမ့်ဖြစ်နေသော ကားနှင့်အတူ နှစ်ယောက်သား တိတ်ဆိတ်ပြန်သည်။ ကားသိပ်ကြာကြာ မစီးလိုက်ရ။ ပန်းချီပြခန်းရောက်သည်နှင့် ကားပေါ်ကဆင်းပြီး အထဲဝင်သွား၏။
ကြီးကျယ်ခန်းနားသည့် ပန်းချီပြခန်းထဲ၌ အံ့သြဖွယ်ပန်းချီများနှင့် လှပသောပန်းချီများနှင့် ပြည့်နှက်နေ၏။ ပန်းချီများကိုလျှောက်ကြည့်နေတုန်း လူနှစ်ယောက်က သူတို့ဆီလာပြီး မှတ်ပုံတင်နှင့် ဖိတ်စာအား ပြခိုင်း၏။
"မင်္ဂလာပါ "
"ဟုတ်ကဲ့ မင်္ဂလာပါ "
"လိုက် (light)ဟုတ်ပါတယ်နော်"
"ဟုတ်ကဲ့"
သူ့ကို မြင်သည်နှင့် အားရဝမ်းသာပွေ့ဖက်ပြီး ကြိုဆိုနေသောလူကြောင့် သူကလည်း အလိုက်သင့် ပြန်ပြုံးပြလိုက်သည်။
YOU ARE READING
Blue Existence
Actionလူကြီး မိုးကောင်းကင်ပြာပြာကို သဘောကျသလို ဒီကမျက်ဝန်းပြာပြာနဲ့ကောင်လေးကိုလည်း သဘောမကျချင်ဘူးလား