လင်းကြက်သွန်သံကြားပြီးနောက် အရှေ့အရပ်ဆီက ရှမ်းရိုးမတောင်ကိုမေးတင်နေသည့် နေမင်းရဲ့အလင်းရောင်ကို မြင်တွေ့ရသည်။ သစ်ရွက်ထိပ်ဖျားက ငွေရောင်နှင်းစက်များက တလက်လက်နှင့် ကျေးရွာရဲ့ အလှအပများဟာ ကေဗရယ့်အတွက် ကြည်နူးဖွယ်အတိပင်။တစ်ညလုံး ခရီးပင်းလာသောကြောင့် အိပ်ရာက အဆင်မပြေတာတောင် ကောင်းကောင်းအိပ်ခဲ့ရသည်။ ခေါင်းရင်းနားက ပြတင်းပေါက်ကို ဖွင့်လိုက်တော့ နေရောင်ဖျော့ဖျော့က ထိုးဝင်လာ၏။ ကေဗရယ်ကလည်း အခုမှ ရွာရဲ့ အခြေခံကို သေချာကြည့်မိ၏။ ရာသီဥတုကလည်း အေးအေးချမ်းချမ်းဖြစ်သည်။
ထိုအချိန် ခေါင်းရင်းအိမ်ကို သူလှမ်းကြည့်လိုက်တော့ အိမ်ရှေ့၌ အနွေးထည်မပါဘဲ ဆော့နေကြသည့်ကလေးနှစ်ယောက်ကို မြင်လိုက်ရသည်။ နှင်းတောင်မကွဲသေးသည့်အချိန် ကလေးစီးစရာတစ်ခုကို တစ်ယောက်တစ်လှည့်တွန်းရင်း မြေနီပေါ်၌ ပေပွအောင်ဆော့နေကြ၏။
သူတို့ရဲ့ စီးစရာအရာက အနောက်တွင် ဘီးနှစ်ခုရှိပြီး အရှေ့တွင်ဘီးတစ်ခုပါသည်။ ဝါးလုံးကို ထိပ်တွင်နှင်ခွဖြစ်အောင်ဖြတ်ပြီး ဘီးတပ်ထား၏။ ထိပ်တစ်ဖက်တွင်တော့ အပေါက်ဖောက်ပြီး တုတ်တစ်ခုထိုးထည့်ကာ လက်ကိုင်အဖြစ်အသုံးပြုထားသည်။ ထိုင်စရာနေရာတွင်တော့ ပျဉ်ပြားသေးနှစ်ခုထားပြီး အလယ်တွင်ဝါးချောင်းသေးတစ်ခုရှိသည်။ ထိုဝါးချောင်းသေးက ပျဉ်ပြားနှစ်ခုကြားမှာ အရှေ့ဘီးတပ်ထားသည့် ဝါးလုံးကို ထိုးတပ်လိုက်သည်။
ထိုစီးစရာယာဉ်က အရှေ့ဘီးနှင့် အနောက်အိမ်ဖြုတ်၊တပ်လို့ရကြောင့်တွေ့ရ၏။ ထိုအချင်းအရာကိုကြည့်ပြီး ကေဗရယ်ပြုံးလိုက်မိသည်။ နေရာသေသအလိုက် သူရိုးရာနှင့်သူယဉ်ကျေးမှုများက ချစ်စရာကောင်းနေတော့၏။ ထိုအချိန်တွင်ပဲ အိမ်ထဲက အဒေါ်ကြီးတစ်ယောက်ထွက်လာပြီး ကလေးများကို ပြောတော့၏။
"ဟဲ့ ကောင်လေးတွေ အခုထိဆော့တုန်းလား။ အငယ်ကောင် ကျောင်းသွားရမယ်မလား။ အကြီးကောင် ရော့ ထမင်းဗူး ငှက်သွားစောင့်တော့"
"အမေကလည်း အေးသေးတယ်"
"အမယ်...လျှာမရှည်နဲ့ အခုဆို စပါးခင်းတစ်ဝက်လောက်ပြောင်နေလောက်ပြီ။ သွားစမ်းပါ လောက်စာလုံးတွေလည်း အလုံအလောက်ထည့်ပေးထားတယ်"
YOU ARE READING
Blue Existence
Actionလူကြီး မိုးကောင်းကင်ပြာပြာကို သဘောကျသလို ဒီကမျက်ဝန်းပြာပြာနဲ့ကောင်လေးကိုလည်း သဘောမကျချင်ဘူးလား