Part-10

931 74 10
                                    

ရာသီဥတုက သာယာသည့်အလျှောက် အိမ်ကထွက်လာကတည်းက သူစိတ်ကြည်နေခဲ့သည်။ ဒီနေ့က သူ့အတွက်စိတ်လှုပ်ရှားစရာကောင်းသည့်နေ့ဖြစ်သလို morrisနှင့် ဆွေးနွေးဖြစ်မည်ထက် သူချပြချင်သည့် အကြံအသစ်တွေရှိနေခဲ့သည်။

ကားကို ကိုယ်တိုင်မောင်းမလာသဖြင့် တက္ကစီပဲငှားလာခဲ့သည်။ တစ်ကောင့်သားက သူ့ကိုစိတ်ဆိုးနေသည့်အလျှောက် သူ့အိမ်က ကားကိုယူစီးတာကိုပင် ရန်မှုတတ်သူပီပီ သူကလည်း စိတ်ညစ်မခံချင်၍ ထွက်လာခဲ့၏။

ဒီအခိုက် သာယာနေသည့် သူ့စိတ်များပင် တစ်ယောက်သောသူအကြောင်းက အတွေးထဲဝင်လာတော့ စိတ်ထဲ ကျဥ်းကြပ်သွားသည်။

"ဟင်း..."

သူပြင်းရှည်တစ်ခု ချပြီးသည်နှင့် သူငှားလာသည့်ကားကလည်း သူသွားလိုသည့်နေရာတွင် ထိုးရပ်လိုက်သည်။ ကျသင့်ငွေရှင်းပြီး တိတ်ဆိတ်သည့် ကော်ဖီဆိုင်ထဲသို့ဝင်လိုက်သည်။ ဒီဆိုင်က တိတ်ဆိတ်ငြိမ်သက်သည်အလျှောက် သူ့အလုပ်အတွက် ဆွေးနွေးရန်အဆင်ပြေသည့်ဆိုင်ဖြစ်သည်။

"Hi..."

ဆိုင်ထဲသို့လှမ်းဝင်သည်နှင့် morrisကလည်း ဆိုင်ထောင့်က ထိုင်ခုံတွင် ကြိုနေရာယူကာ သူ့ကိုလက်ပြနူတ်ဆက်သည်။ သူကလည်း လက်ထဲကိုင်လာသည့် လက်တော့အား စားပွဲခုံပေါ်၌ ချပြီးထိုင်သည်။

"Light... ဒီရက် ဘာအကြောင်းပြောကြမလဲ။ ငါ မနေ့ကမှ သတင်းတစ်ခုကြားရတယ်။ ဒီလမကုန်ခင် tattooနှင့်ပတ်သက်တဲ့ သင်တန်းတစ်ခုရှိတယ်လို့ကြားတယ်"

"ဟုတ်လား...ကျုပ်မသိရသေးဘူး"

သူ့ရဲ့အဖြေကြောင့် morrisမျက်နှာဝင်းလက်သွားပြီး သူ့ကိုစိတ်အားထက်သန်စွာပြောပြသည်။

"ဒီသင်တန်းမှာ နိုင်ငံပေါင်းစုံမှာရှိတဲ့ ဝါရင့် tattoo artistတွေက သူတို့ရဲ့လက်စွမ်းတွေပြတဲ့ပွဲတဲ့။ စိတ်ဝင်စားတဲ့လူကလည်း လက်မှတ်နဲ့ဝင်ရောက်ပြီး ကြည့်လို့ရသလို လေ့လာလို့လည်းရတယ်။"

"မင်းပြောတာကို ငါသိပ်မရှင်းဘူး"

"ဒီလိုလေ ဂျပန်မှာ tattoo artist သက်တမ်း ၁၆နှစ်ရှိနေပြီဖြစ်တဲ့ ဂါမာဂျန်လိုမျိုးတွေပဲ လာတဲ့သင်တန်းပွဲတစ်ခုပေါ့။ သင်တန်းပွဲဆိုတာ သူတို့ထိုးခဲ့သမျှ tattoo ပုံလှလှလေးနဲ့အတူ ထိုးပုံထိုးနည်းကိုလည်း သင်ကြားပေးတယ်။"

Blue Existence Where stories live. Discover now