မနက်ရှစ်နာရီတွင် အွန်းလေးကိုကျောင်းပို့ဖို့
ပြင်ဆင်ပေးရပြီး သူပါ ရုံးသွားဖို့ တစ်ခါတည်း
ပြင်ဆင်ရသည်။ ကလေးတစ်ယောက်ကို ပြင်ဆင်
ပေးရချိန်က လူကြီးတစ်ယောက်ထက် ပိုအချိန်ပေး
ရသည်။ သို့ပေမဲ့ အွန်းလေးက သူမှသူမလို့
သူကပင် မအားတဲ့ကြားက အကုန်လုပ်ပေးရသည်။
အကုန်ပြင်ဆင်ပြီးတော့ သူတို့သားအဖနှစ်ယောက်
အိမ်အောက်ဆင်းခဲ့ကြသည်။ မီးဖိုချောင်ထဲဝင်ခဲ့တော့
မနက်စာအသင့်ရှိနေပြီ။ မနက်စာကိုလည်း အွန်းလေး
ကိုသာ အဓိကထားကျွေးရသည်။ အွန်းလေးက သာမန်
လူထက် အနည်းငယ်ဉာဏ်ရည်နိမ့်ပါးသူမလို့
အစစအရာရာ လိုက်သင်ပြပေးရသည်။ သို့ပေမဲ့
သူ့စကားတစ်ခွန်းဆိုတစ်ခွန်းတော့ နားဝင်သည်။
တခြားသူတွေ ဖိအားပေးပြောရင်တော့ ခေါင်းတွေပူပြီး
စူးစူးဝါးဝါးအော်ငိုကာ တက်သွားတတ်သည်။
ထို့ကြောင့် အွန်းလေးကို ပုံမှန်ထက် စိတ်ကို
ပျော်စေအောင် အမြဲထားရသည်။ဟက်...ကိုယ်ဝန်ဆောင်တုန်းက မဆင်ခြင်ခဲ့တဲ့အကျိုးတွေပေါ့ ဘာအပြစ်မှမရှိတဲ့ကလေးကို သွားထိသည်။
ဘာမှမဆိုင်တဲ့သူကလည်း မိခင်ထက်ပင် ကဲသည်းပြီး
ဂရုစိုက်နေမိသည်။ သံယောဇဉ်ပေါ့ ....
အပြန်အလှန်အနေနဲ့ အွန်းလေးကလည်း သူမှသူ
ဖြစ်နေသည်။" ဟော အွန်းလေး ကျောင်းသွားတော့မယ်.. "
သူတို့မနက်စာစားပြီးထွက်ခဲ့တော့ ဧည့်ခန်းတွင်
သူ့ဖွားဖွားနဲ့တွေ့သည်။ အွန်းလေးက ဂရုမစိုက်
ဖြစ်နေတော့ သူကပင် အဖွားကိုပြန်နှုတ်ဆက်ဖို့
သင်ပြပေးလိုက်ရသည်။ သူပြောလိုက်ဆိုတော့လည်း
အွန်းလေးက ပြောရှာသည်။" သမက်ကင်မ်.. "
" ဟုတ်ကဲ့ "
အဒေါ်ချယ်ရင်းက ပြောစရာရှိနေဟန်တူသည်မလို့
အွန်းလေးလက်ကိုဆွဲရင်း ထိုင်ခုံတွင် ခဏဝင်ထိုင်
လိုက်သည်။" ပြောစရာရှိတာပြောပါ "
ပြောဖို့ခက်နေသလိုဖြစ်နေတော့ သူကပင်
စကားလမ်းကြောင်း အရင်ပေးလိုက်သည်။" သမက်ကင်မ်ကို အားနာလို့ပါ ငါတို့သမီးအပေါ်
သစ္စာရှိပေးလို့ မိသားစုအပေါ်လည်း တာဝန်ကျေလွန်းလို့
တစ်ခါတလေ အားနာစိတ်ဝင်မိတယ် အခုလည်း.. "
YOU ARE READING
U [✓]
Fanfiction' ကြီးရင်မှီငယ်ရင်ချီ 'တဲ့ ကိုယ်ကတော့ အသက်ကြီးတဲ့သူကိုပဲ ချီချင်တာ ( Jungkook x Jin )