ဆော့ဂျင် အစည်းအဝေးအခန်းထဲကထွက်တော့
ဖုန်းကိုအရင်စစ်ကြည့်သည်။ ထင်တဲ့အတိုင်း
ဂျောင်ဂုဖုန်းတွေခေါ်ထားသည်။ ဒီနေ့က သူတို့
ရှယ်ယာရှင်အစည်းအဝေးနေ့ဖြစ်သည်။ မနက်တည်းက
ထိုအတွက် အလုပ်များနေပြီး အစည်းအဝေးအခန်းထဲတွင်လည်း သုံးနာရီနီးပါးကြာသွားခဲ့သည်။ သူနုတ်ထွက်မှာနဲ့ပတ်သက်ပြီးရော ဂျူအွန်းကို
စီအီးအိုအဖြစ် လက်မခံချင်ကြတာရောပေါင်းပြီး
အများကြီးဖြေရှင်းခဲ့ရသည်။ သူနုတ်ထွက်ဖို့က
အကြောင်းပြချက် လုံလုံလောက်လောက်မရှိသလို
ဂျူအွန်းစီအီးအိုနေရာယူဖို့ကြတော့လည်း လုံလောက်တဲ့အရည်အချင်းတွေ
မရှိသေး၍ စကားတွေအများကြီး
ပြောခဲ့ရသည်။ နောက်ဆုံး ဂျူအွန်းနောက်ကွယ်တွင်
သူအများကြီးသင်ပြပေးသွားမည့်အကြောင်းနှင့်
ရှယ်ယာရှင်တချို့ရဲ့ထောက်ခံချက်တွေယူပြီးမှ
အစည်းအဝေးက အဆုံးသတ်သွားခဲ့သည်။ဆော့ဂျင် ဂျောင်ဂုကို ဖုန်းပြန်ခေါ်လိုက်သည်။
ဂျောင်ဂုက သူ့ဖုန်းကို စောင့်နေသည်ထင်
ချက်ချင်းကိုင်လာသည်။" ဦး အဆင်ပြေရဲ့လား ဘယ်လိုဖြစ်သွားလဲ "
" အဆင်ပြေပါတယ်ကွာ စိတ်ပူလို့လား "
" ပူတာပေါ့ ကျွန်တော်တခြားမှာ
အာရုံစိုက်လို့တောင်မရဘူး ဦးဆီပဲ စိတ်ရောက်နေတာ "ဂျောင်ဂုက အရမ်းမျှော်လင့်နေတာ ဒီဟာနဲ့ပတ်သက်ပြီး
သူကသူ့ထက်တောင် စိတ်လှုပ်ရှားနေခဲ့သေးတယ်။
အစည်းအဝေးမတိုင်ခင် သူက အရာအားလုံးအဆင်ပြေဖို့
သူ့ဖွားဖွားနဲ့ တောင်ပေါ်က ဆုတောင်းပြည့်ဘုန်းတော်ကြီး
ကျောင်းလည်း သွားလိုက်သေးတယ်။ ချစ်မွှေးပါဆို။" ကိုယ်အားလုံးအဆင်ပြေတယ် အလုပ်ကိုအာရုံစိုက်တော့
ဒီနေ့တော့ ကိုယ်တို့မတွေ့ဖြစ်တော့ဘူးနော် အိမ်တန်းပြန် ..
ပြီးတော့ ဂျူအွန်းကိုလည်း ဖုန်းဆက်ပြီး ဂုဏ်ပြုပေးလိုက်အုံး
သူလည်းစိတ်လှုပ်ရှားနေမှာ "" သိပါပြီ.. အဲဒါဆို ဒီနေ့မတွေ့ရတော့ဘူးပေါ့ "
" အင်း... ကိုယ်မအားသေးဘူး ဒါဆိုဒါပဲနော် "
YOU ARE READING
U [✓]
Fanfiction' ကြီးရင်မှီငယ်ရင်ချီ 'တဲ့ ကိုယ်ကတော့ အသက်ကြီးတဲ့သူကိုပဲ ချီချင်တာ ( Jungkook x Jin )