ep17

3.2K 348 72
                                    

" ဦး နေ့လယ်စာ.. "

" အင်း ထိုင်အုံး "

" ဟုတ် ဖြည်းဖြည်းလုပ် ဦး "

ဂျောင်ဂု ဦးနဲ့အတူစားဖို့ နေ့လယ်စာကိုယ်တိုင်ဝယ်ခဲ့ပြီး
ဦးဆီလာခဲ့သည်။ သူလာတဲ့အချိန် ဦးကအလုပ်များနေပြီး
သူ့ကို မော့တောင်မကြည့်အားသေး။ သူပါလာတာတွေ
စားပွဲကိုမ,ခဲ့ပြီး နေရာချလိုက်သည်။ ထုံးစံအတိုင်း
ဟိုလူကြီးရောက်နေပြန်သည်။ ထိုလူကြီးက သူ့ကိုမြင်တော့
ဖုန်းဆီကနေ အကြည့်ခွာပြီး သူ့ကိုကြည့်လာသည်။
ဒီတစ်ခါတွင်တော့ သူရီရီမွန်မွန် ပြုံးပြလိုက်သည်။
သူပြုံးပြလိုက်တော့ ထိုလူမျက်ခုံးအစုံ မြှင့်တက်
သွားသည်။

" ဘာတွေလဲ.. "

" နေ့လယ်စာ.. "

" ငါတို့အပြင်ထွက်စားဖို့ သဘောတူထားပြီးသားကို..
မင်းအဖော်တွေနဲ့ပဲ သွားစားလိုက်တော့ "

" ဟင် ဟုတ်လား... ဒါဆို ဒါတွေကျွန်တော်ထားခဲ့လိုက်မယ်လေ
ဦးတို့ဘယ်ဆိုင်သွားကြမလို့လဲ ကျွန်တော်သွားနေကြဆိုင်တော့
ရှိတယ် လိုက်ပို့ရမလား.. "

" ငါတို့ကဒိတ်မလို့.. "

" သုံးယောက်ဒိတ်လည်း ရတာပဲ..
ဘယ်ဆိုင်သွားကြမလဲ... "

ဂျောင်ဂု သူဝယ်လာတဲ့နေ့လယ်စာတွေကို စားပွဲတွင်
ဖြည်ချရင်း ဘာမှမဖြစ်သလို ပြန်ပြောလိုက်သည်။
ကျွန်တော်တစ်ခါပဲခံမယ်... မနေ့ကလိုပုံစံမျိုး
ကျွန်တော်ထပ်ဖြစ်နေမှာမဟုတ်တော့ဘူး။

မနက်က သူထပ်ဖွင့်ပြောတော့ ဦးဆီက
လက်ခံတယ်မမြည်တဲ့ လက်ခံမှုတစ်ခုရခဲ့တယ်
သူ့ကိုအခွင့်အရေးပေးတယ်လို့ ပြောလို့ရတယ်ပေါ့
ဦးက သူ့ကိုအတန်တန်ငြင်းဆိုနေပြီးမှ သူ့အတွက်
အခွင့်အရေးတစ်ခုရခဲ့သည်။ သူဦးခွင့်ပြုချက်နဲ့
တရားဝင် ဦးနားကပ်ခွင့်ရသွားပြီ.. ဒါကြောင့်
ဒီလူကို သူ့ပြိုင်ဘက်လို သဘောထားပြီး ပြန်ချေပ
နိုင်ပြီ။ မနေ့ကထိတော့ သူ့တွင် ဒီလူစကားတွေကို
မတုံ့ပြန်နိုင်စွမ်းမရှိခဲ့။ အဲတုန်းက သူ့ယုံကြည်ချက်တွေ
ပျောက်ဆုံးနေခဲ့တာ။ အခု သူအဲလိုငြိမ်ခံနေစရာ
အကြောင်းမရှိတော့ဘူး။ သူနဲ့ဒီလူကြားမှာ တန်းညီ
သွားပြီ။ ထို့ကြောင့် ဒီလူ့စကားတွေကို သူပုံမှန်
အတိုင်းပင် သဘာဝကျကျပြန်ပြောလိုက်သည်။
ထိုအခါ ထိုလူကလည်း သူ့ကိုတန်ပြန်ကြည့်လာသည်။
သူလည်း အကြည့်မလွဲဘဲ ပြန်စိုက်ကြည့်ပေးလိုက်သည်။

U [✓]Where stories live. Discover now