ဆော့ဂျင်အလုပ်များနေပေမဲ့ ဗိုက်က ဟာလာတာကြောင့်
လုပ်လက်စအလုပ်တွေ ခဏရပ်လိုက်ပြီး လက်ကနာရီကို
တစ်ချက်ကြည့်လိုက်သည်။ ထမင်းစားချိန်တောင်
ကျော်သွားပြီပဲ။ သူအတွင်းရေးမှူးကို အထဲလာဖို့
ပြောလိုက်သည်။" ဟိုနှစ်ယောက်ရော အခြေအနေဘယ်လိုရှိလဲ "
ရှင်းဂျူအွန်းနဲ့ဂျွန်ဂျောင်ဂုကို ဒီလိုလွှတ်ထားလို့
ဘယ်ရမလဲ။ အကုန်ပြောင်းဆန်ကုန်လိမ့်မယ်။
ထို့ကြောင့် သက်ဆိုင်ရာဌာနက အားထားရတဲ့
သူတွေကို စောင့်ကြည့်ပေးဖို့ မှာထားရသည်။
စောင့်ကြည့်သင်ပြပေးရုံပင်ဖြစ်ပြီး တခုခု
ဆိုရင် သူ့အတွင်းရေးမှူးကတဆင့် မှာကြားပေးဖို့
တောင်းဆိုထားရသည်။အတွင်းရေးမှူးမင်က သိထားကြားထားသမျှ
အကုန်ပြန်တင်ပြသည်။ ထင်သည့်အတိုင်း
အချိုးမပြေမှုတွေက စနေပြီ။ဒေါက် ဒေါက် ဒေါက်
" ဝင်ခဲ့ "
သူနေ့လယ်စာသွားစားဖို့ အပေါ်ကုတ်တစ်ထပ်
ပြန်ဝတ်နေတုန်း တံခါးခေါက်သံ ကြားလိုက်ရသည်။
သူအသံပြုပြီးမကြာ အခန်းတံခါးဖွင့်သံနဲ့အတူ
ဝင်လာတဲ့ လူရိပ်ကို ကြည့်လိုက်သည်။" ဦးအတွက် ကော်ဖီလာပေးတာ "
" ထားထားလိုက် "
" ဦးဘယ်သွားမလို့လဲ "
" ငါစီအီးအို ငါဘယ်သွားမယ်ဆိုတာ မင်းကို
ပြောပြနေရအုံးမှာလား "" ဒီအတိုင်းလေးမေးတာကို.. "
" ကော်ဖီလာပေးတာမလား ပေးပြီးသွားတော့
ပြီးတော့ မင်း ငါ့ကုမ္မဏီမှာအရှုပ်ထုတ်တွေ သယ်
မလာဖို့မျှော်လင့်တယ် ကုမ္ပဏီက မင်းအပျော်ရှာ
ရမဲ့နေရာမဟုတ်ဘူး "" အခုမှ တစ်ပိုင်းတည်းလုပ်ရသေးတယ်
ဦးကဘာတွေလာပြောနေတာလဲ ကျွန်တော်
စီနီယာတွေနဲ့လည်း ရင်းရင်းနှီးနှီး နေနေပါတယ်
သူတို့လည်း ကျွန်တော့်ကိုသဘောကျကြတယ်
ကျွန်တော့်ကို မြင်သူတိုင်းက သဘောကျကြတယ်
ဦးသာ ဦးသာကျွန်တော့်ကိုဆို ခွဲခြားမြင်နေတာ
မျက်လုံးမကောင်းတော့ဘူးထင်တယ် "
YOU ARE READING
U [✓]
Fanfiction' ကြီးရင်မှီငယ်ရင်ချီ 'တဲ့ ကိုယ်ကတော့ အသက်ကြီးတဲ့သူကိုပဲ ချီချင်တာ ( Jungkook x Jin )