ရုံးဆင်းချိန်တွင် သူဦးအခန်းရောက်သွားတော့
ဦးက ရုံးဆင်းသွားနှင့်ပြီတဲ့။ ဦးနဲ့လိုက်ပြန်နေကြ
သူ့ကို ဘာမှလည်းမပြောဘဲ ပြန်သွားတယ်...
ဘာအကြောင်းများရှိလို့လဲ။ ဦးအတွင်းရေးမှူးမမ
တွေကို မေးကြည့်တော့ ညနေပိုင်းအရေးကြီးအလုပ်
မရှိဘူးတဲ့... အလုပ်ကိစ္စမဟုတ်ဘဲနဲ့ဆိုတော့
ရုတ်တရက် သူ့ခေါင်းထဲဝင်လာသည်က ထပ်ပြီး
ဟိုလူကြီးနဲ့သွားပြန်ပြီလား...သူဦးကို ချက်ချင်းဖုန်းခေါ်လိုက်သည်။
ဖုန်းကဝင်သွားပေမဲ့ မကိုင်။" ကျစ် ဖုန်းကဘာလို့မကိုင်ရတာလဲကွာ "
သူထပ်ခါထပ်ခါခေါ်နေမိပေမဲ့
ကိုင်သူမဲ့နေသည်။ ဘာလုပ်နေတာလဲကွာ
ဖုန်းတောင်မကိုင်နိုင်ရအောင်က...တီ တီ တီ တီ
ဖုန်းမကိုင်တော့ သူဦးကို မက်ဆေ့ပို့ဖို့လုပ်နေတုန်း
သူ့ဖုန်းမြည်ခဲ့သည်။ ဦးဆီကတော့မဟုတ်။" ဟယ်လို "
" ဟေး ဂျောင်ဂု "
" ဘယ်သူလဲ "
" ငါပါ "
" ဘယ်ကငါလဲ "
လူက ဦးဖုန်းမကိုင်လို့ စိတ်မကြည်ပါဘူးဆို
နာမည်မပြောဘဲ ငါပါလာလုပ်နေတော့
သူဘုတောတောလိုက်သည်။" ဟေး မင်းအသံကို ပြင်လိုက်နော်
ငါက အကောင်းနဲ့ဖုန်းဆက်တာ "" ဟိုအဘိုးကြီး "
" ဘာ! အဘိုးကြီး!.. "
" ဘာကိစ္စလဲ မြန်မြန်ပြော နေအုံး ခင်ဗျားဦးနဲ့
အတူရှိနေလား.. "" ... "
" ဟယ်လို ရှိနေတယ်မလား
ခင်ဗျားတို့ဘယ်သွားနေတာလဲ ဟယ်လို
ဟိတ်ဘိုးတော် "" ငါ့ကိုဘိုးတော်လို့ခေါ်လို့ ပြောချင်စိတ်မရှိတော့ဘူး
ဒါပဲကွာ "" ဟိတ် ခင်ဗျား! .... "
" အကိုကြီးလို့ခေါ် "
" ဘာကိစ္စခေါ်ရမှာလဲ
ခင်ဗျားကို ဦးနဲ့အတူရှိလားမေးတာ
ကျွန်တော်ကားငှားပြန်မလို့ဘဲ "" အော် ဟုတ်လား ပြန်လိုက်လေ
ဆော့ဂျင်ဒီနေ့ သူ့အရေးကြီးကိစ္စရှိတယ်တဲ့
အရမ်းအရမ်းကိုမှ သူ့ဘဝအတွက် အရေးကြီးတဲ့ကိစ္စ "
YOU ARE READING
U [✓]
Fanfiction' ကြီးရင်မှီငယ်ရင်ချီ 'တဲ့ ကိုယ်ကတော့ အသက်ကြီးတဲ့သူကိုပဲ ချီချင်တာ ( Jungkook x Jin )