ep36

2.8K 380 49
                                    

ဆော့ဂျင်တိုက်ခန်းရောက်တော့ တစ်ခန်းလုံး
မှောင်မဲနေ၍ လူမရှိဘူးလားတောင် ထင်မိသည်။
သူမီးဖွင့်လိုက်ပြီး အခန်းထဲတန်းဝင်သွားလိုက်သည်။
အခန်းထဲရောက်တော့ ဂျောင်ဂုက ခုတင်ခြေရင်းတွင် 
ကွေးကွေးလေးရှိနေသည်။ သူသာရောက်မလာခဲ့ရင် 
ဘယ်အချိန်ထိ သူ့ကိုဖုံးကွယ်ထားအုံးမလဲ။
သူအပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ပြီး ဂျောင်ဂုအိပ်နေတဲ့နား ဖြည်းဖြည်းချင်းလျှောက်သွားရင်း အနားတွင်
ဝင်လှဲလိုက်သည်။ ‌သူဂျောင်ဂုမျက်နှာကိုကြည့်ဖို့
ဂျောင်ဂုကိုယ်ကို ထိတွေ့လိုက်တဲ့အခါ ဂျောင်ဂု
တစ်ကိုယ်လုံးက ပူကျစ်နေသည်။ ကျစ်..

" ဂျောင်ဂု.. ဂျောင်ဂု.. ထအုံး မင်းဖျားနေတာပဲ "

သူလှုပ်နှိုးမှ ကွေးကွေးလေးဖြစ်နေတဲ့ခန္ဓာကိုယ်က
ဆန့်လာပြီး ခေါင်းလည်းမော့လာသည်။ မျက်လုံးတွေလည်း နီရဲနေလို့ ဘယ်လောက်တောင်ငိုထားတာလဲကွာ..

" ဦး... ဘယ်လိုလို့ရောက်လာတာလဲ
ရုံးသွားရမှာမဟုတ်ဘူးလား.. "

" မင်းဖျားနေတယ်.. ထ ပုံမှန်နေရာမှာသွားအိပ် "

ဂျောင်ဂုအသံတွေက အက်နေပြီး စကားတစ်ခုထွက်ဖို့ကို
လည်ချောင်းထဲက ညစ်ထုတ်နေရသလို.. ဒီလောက်ထိဖြစ်နေတာကို ပေကပ်နေနေတယ် သူသာရောက်မလာခဲ့ရင်
ဘယ်အထိနေနေအုံးမလဲ..

" ဦး.. စိတ်ဆိုးနေတာလား.. "

" ဟုတ်တယ် အဲဒါကြောင့် ကိုယ်ပြောတဲ့အတိုင်းလုပ်မလား "

" တောင်းပန်ပါတယ် "

သူမျက်နှာတည်နေတော့ ဂျောင်ဂုက
အသံတိုးလေးနဲ့ပြောပြီး အိပ်ရာထဲတွင် သွားလှဲနေသည်။ ဂျောင်ဂု
သူ့ကိုအသိမပေးတာကြောင့် မဆူချင်ပေမဲ့ ‌
ဖျားတဲ့အထိပါဖြစ်နေတော့
ဒေါသက မထိန်းနိုင်တော့။
သူရေချိုးခန်းထဲဝင်လိုက်ပြီး
ရေပတ်တိုက်ပေးဖို့ ပြင်ဆင်ခဲ့ပြီး ပြန်ထွက်လာတဲ့အထိ ဂျောင်ဂုက သူ့ကို
လိုက်ကြည့်နေသည်။ သူဂျောင်ဂုကို
လျစ်လျှူရှုထားပြီး ဂျောင်ဂုဝတ်ထားတဲ့အင်္ကျီကို သူ့ဟာသူပဲ ချွတ်ပစ်လိုက်သည်။
ဂျောင်ဂုက သူ့လှုပ်ရှားမှုတွေကို
မျက်တောင်မခတ်တမ်း ကြည့်နေပြီး သူလုပ်သမျှကို 
အလိုက်သင့်နေပေးနေရှာသည်။

U [✓]Where stories live. Discover now