ep33

2.8K 354 78
                                    

" အိမ်ထောင်ရှိယောကျာ်းတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်!
ဒါနောက်စရာမဟုတ်ဘူးနော်
ငါ့ကိုပြောစမ်း ငါ့ကိုသေချာ
ပြောစမ်းပါ အဲဒါတကယ်လား မင်းကိုအလိုလိုက်ထားတာ
အဲလိုအရှက်မဲ့တာတွေ လုပ်ဖို့အတွက်တော့မဟုတ်ဘူး
ရူးနေပြီလား ရူးသွားပြီလား ဟမ်!! "

" သူမှာသူ့အကြောင်းနဲ့သူရှိလို့
ကွာမရှင်းနိုင်သေးတာ
အဲဒါကိုစောင့်နိုင်တယ် သူ့ကိုချစ်တာမလို့ ဘယ်လောက်ကြာကြာ စောင့်နိုင်တယ်
စောင့်မှာမလို့ တားဖို့မကြိုးစားပါနဲ့ "

" ရူးနေလား ရူးနေလား အဲလိုဆိုရင် မင်းက
ဘယ်လိုဖြစ်သွားပြီတုန်း ဘယ်လိုဖြစ်သွားမှာတုန်း!!!
ငါရူးသွားတာ မြင်ချင်လို့လား လူတွေအမြင် မင်းက
ဘာဖြစ်သွားပြီလဲ ရူးနေလား ရူးနေလား.. တော်ပြီ
မင်းကိုဒီထက်ပိုပြီး လွှတ်ထားလို့မဖြစ်တော့ဘူး.. "

" အားရှီး... နောက်ကွယ်ကအကြောင်းလည်း
သေချာမသိဘဲနဲ့ ပြောသမျှယုံနေတော့တာပဲ
ဟိုကသူ့မိန်းမနဲ့က စာချုပ်ပေါ်မှာပဲရှိတာကို
ငါအဲလိုမျိုးတွေ စိတ်မရှည်တာ.. နော့ ကူး "

" အင်း အင်း ဟုတ်တယ် သေချာလည်းမသိဘဲနဲ့
တကယ်ဆို အဲမိန်းကလေးမှာ အပြစ်မရှိသလို
မင်းသားအပြစ်လည်းမဟုတ်ဘူး သူတို့ ရေစက်
တစ်ခုကြောင့် ဒီလိုဆုံခဲ့ရတာပဲ ဘယ်သူ့မှာမှ အပြစ်
မရှိဘူး သူတို့လည်း ဒီလိုပုံစံနဲ့ ဘယ်ချစ်ချင်ပါ့မလဲ ဒါပေမဲ့ ကိုယ်က ဒီလူ့ကိုမှချစ်မယ်ဆိုတာ ရွေးချယ်လို့မှမရတာ အားလုံးက
နှလုံးသားနောက် လိုက်နေကြတဲ့သူတွေပဲ "

" အမယ် ကူးပေါက် ဒရမ်မာကို စိတ်လိုလက်ရ
ဝေဖန်လို့ပါလား "

မေမေလေးက သူ့ကိုပခုံးချင်းတိုက်ပြီး စနောက်နေသည်။
တကယ်တော့ ထိုဒရမ်မာက သူနဲ့ဦးနဲ့အကြောင်းနဲ့
တိုက်ဆိုင်နေတာမလို့ သူစိတ်ဝင်တစားကြည့်မိသွားတာ။

" ဒရမ်မာက အပြင်ကအဖြစ်အပျက်နဲ့တူလို့
အပြင်မှာလည်း အဲလိုမျိုးတွေကို နားလည်ပေးရင်
ကောင်းမယ် အပြင်မှာတကယ်ဖြစ်ခဲ့ရင် လူတိုင်းက
ဇာတ်ကားထဲကလိုပဲ ဖောက်ပြန်တယ်လို့ပဲ
သတ်မှတ်ကြပြီး နောက်လူနဲ့ အဲဒီယောကျာ်းကိုပဲ
လူတွေကအပြစ်မြင်ကြတာ လက်ရှိဇနီးကတော့
သနားစရာအကောင်းဆုံးသူပေါ့.. အပြင်ကအဖြစ်
အပျက်တွေမှာလည်း ဒီလိုနောက်ကွယ်မှာ
အကြောင်းအရာတခုခုရှိတယ်ဆိုတာ သိသင့်တယ် "

U [✓]Where stories live. Discover now