ep21

3.1K 341 81
                                    

" မောနင်းဦး 😘 "

သူအိပ်ရာနိုးနိုးချင်း မျက်လုံးပွတ်ကာ
ဦးဆီစာတစ်စောင်ပို့လိုက်သည်။
ဦးစာပြန်လာလေမလား ခဏစောင့်ရင်း
ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။
အမှန်ဆိုရင် စာပြန်ကိုပြန်ရမှာ... ဒီအချိန်ဆို
ဦးနိုးနှင့်နေပြီ။ သူကအခု အိမ်ပြန်ရောက်နေတာ
ဖြစ်သည်။ ဘွားနဲ့မေမေလေးက သူ့မျက်နှာကိုပင်
မမှတ်မိတော့ဘူးဆိုပြီး ပြောနေကြတော့
သူကိုယ်ထင်လာပြရချင်းဖြစ်သည်။
လောလောဆယ်တော့ ငါးမိနစ်ကျော်သွားပြီဖြစ်တဲ့
ဦးထံ ဖုန်းခေါ်လိုက်အုံးမည်။

ဖုန်းကဝင်နေပေမဲ့ တော်တော်နဲ့ကိုင်မလာသေး။
ဆယ်နာရီထိုးဆို ဦးက အခန်းထဲကအလုပ်
စားပွဲမှာ ရှိနေမှာ။

" ဟယ်လို .. "

" ဘာလုပ်နေတာလဲဦး စာပို့ထားတာလည်း ပြန်မပို့
ဖုန်းခေါ်တာလည်း အကြာကြီးနေမှကိုင်တယ် "

ဦးဖုန်းကိုင်လိုက်တာနဲ့ သူမကျေမနပ်ဖြစ်နေတာ
လေးတွေကို ခပ်ဆောင့်ဆောင့်ပြောလိုက်သည်။
သူတို့ရည်စားဖြစ်တာ မကြာသေးပေမဲ့
သူဦးနားလိုက်ကပ်နေတဲ့သက်တမ်းက မနည်း‌တော့၍ 
ဦးကိုဘယ်လိုချုပ်ကိုင်ရမလဲ ဘယ်လိုလွှမ်းမိုးရမလဲ
သူခွဲခွဲခြားခြားသိနေပြီ။ ဘယ်လိုအရာမျိုးဆို
ဦးစိတ်ဆိုးမလဲ ဘယ်လိုအရာမျိုးဆို ဦးသဘောကျလဲ
ကောင်းကောင်းသိသည်။ ဦးက ကလေးချစ်တတ်တာမျိုး
ထင်တယ် ဦးက သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ဘက်အခြမ်းကို
သဘောကျသည်။ ဒါကြောင့် သူလည်းဦးအနားမှာ
ကြောင်လေးလိုသာ ချွဲနေချင်တော့သည်။

" ကိုယ်ရေချိုးနေတာ မင်းအခုမှနိုးတာလား "

" ဦးရေချိုးပြီးတာလား "

သူထထိုင်လိုက်ပြီး မေးလိုက်သည်။
ရေချိုးနေတယ်ဆိုတော့ သူ့ခန္ဓာကိုယ်သည်လည်း
အလိုအလျောက် မတ်သွားတော့သည်။ သူခုနကအထိ
အိပ်ရာထဲတွင် ပျင်းပျင်းနဲ့ဖြစ်နေခဲ့တာ။

" အင်း ကိုယ်အခုပဲ ရေချိုးခန်းထဲကထွက်ခဲ့တော့
ဖုန်းမြည်နေတာနဲ့ တန်းကိုင်လိုက်တာပဲ "

" ကျွန်တော်တို့ ဗွီဒီယိုကောလ်ပြောရအောင် "

" ဘာလို့လဲ "

U [✓]Where stories live. Discover now