ep24

3K 351 75
                                    

" ဂျောင်ဂု ကိုယ့်နောက်ကို တကောက်ကောက်
လိုက်မနေနဲ့တော့လို့ ကိုယ်အလုပ်များနေတယ်
ညနေမှ ကိုယ်ကလေးကြိုရင်း ဝင်လာခဲ့မယ် "

" ဦးတို့က နှုတ်ခမ်းချင်းတောင် ထိသွားသေးတယ် "

ဆော့ဂျင်လက်ထဲကဘောပင်ကို ချလိုက်သည်။
သူဘာပြောပြော ဂျောင်ဂုက ထိုအကြောင်းကိုပဲ
ပြောနေသည်။ ဂျယ်ယောင်းပြောလိုက်တဲ့
ကျောင်းတုန်းက သူတို့နှစ်ယောက် ပိုပိုရိုဂိမ်း
ကစားတဲ့ဗီဒီယိုကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး
နောက်ကနေ တကောက်ကောက်လိုက်နေတာဖြစ်သည်။
ပြောတော့ဖြင့် အလုပ်ကလူတွေနဲ့ သူအနေရမခက်အောင်
ဆိုပြီး ထွက်လိုက်တယ်ပြောပြီး သူကအခုတော့
လူတကာမြင်အောင် နောက်ကနေ တကောက်ကောက်ဖြင့်..

" မင်းအဲဖုန်းကို ချထားတော့ ကိုယ်တို့နှုတ်ခမ်းချင်း
မထိဘူးလို့ ဘယ်နှခါပြောရမှာလဲ "

" ထိသွားတယ် အဲဒါ ဦးပထမဆုံးအနမ်းမလား "

" မထိဘူးလို့ပြောပြီးပြီလေ "

" ထိသွားပါတယ်ဆို ကျွန်တော်အကြိမ်တစ်ရာမက
အတည်ပြုပြီးပြီ ထိသွားတယ် "

" ထိသွားရင်လာပြ လာပြ ငါကြည့်မယ်
ငါကြည့်လို့ မထိရင် မင်းကိုဘာလုပ်ရမလဲ
ယူခဲ့စမ်းအဲဗီဒီယို "

ကာယကံရှင်ကိုယ်တိုင်က အမှန်ပြောနေတာတောင်
လက်မခံဘဲငြင်းနေတော့ သူဖုန်းတောင်းလိုက်ပြီး
လက်တွေ့ပြဖို့ပဲ ရှိတော့မည်။ ဂျောင်ဂုက သူ့ဖုန်းကို
ယူပြီး အနားရောက်လာသည်။

" ဦးကိုယ်တိုင်ကြည့် ထိလားမထိလား "

ဆော့ဂျင် ထိုဗီဒီယိုနာမည်ကြီးမှန်းတော့သိသည်။
ကိုယ်တိုင်က တစ်ခေါက်လားကြည့်ပြီး
နောက်ထပ်မကြည့်ဖူးတော့။ ဒါပေမဲ့ ဂျောင်ဂု
ပြတဲ့ဗီဒီယိုထဲမှာတော့ ထိသလိုအနေအထားဖြစ်နေသည်။
ဒါပေမဲ့ သူသေချာသည် သူတို့အလွတ်ကြီးပင်။

" မြင်ပြီမလား ထိတယ်ပါဆို ထိတယ်လို့‌ဝန်ခံလိုက်ရင်
ပြီးရောဟာကို ဘာလို့အတင်းငြင်းနေတာလဲ ဦးတို့အရင်
ကဟာတွေကို ကျွန်တာ်ကဘာပြဿနာရှာမှာကြလို့ "

U [✓]Where stories live. Discover now