ep5

3K 345 45
                                    

" စီအီးအို အထဲမှာ ဥက္ကဌဂျွန်ရောက်နေပါတယ် "

သူရုံးရောက်တော့ သူ့လက်ထောက်အတွင်းရေးမှူး
မလေးက ဆီးကြိုပြောသည်။ ဥက္ကဌဂျွန်က
ဂျွန်အုပ်စုကပင်။ ဂျွန်အုပ်စုက စီးပွားရေးလောကတွင် မသိသူမရှိ အရှိန်အဝါကောင်းကောင်းနှင့် စီးပွားရေး
ဈေးကွက်တွေကို လက်ဝါးကြီးအုပ်ယူထားသည်။

" ကြိုမချိန်းထားဘဲ.. "

" ဟုတ်ပါတယ် "

သူခေါင်းညိတ်ပြလိုက်ပြီး သူ့အခန်းတံခါးကို
ဖွင့်လိုက်သည်။ ဥက္ကဌဂျွန်နဲ့ သူနဲ့ဆက်ဆံရေးကလည်း
ကောင်းသည်မလို့ ဘာမှသိပ်မစဉ်းစားမိ။
ဘာများအရေးကြီးနေလို့ပါလဲ။

သူအထဲဝင်သွားတာနဲ့ ဧည့်တွေ့ဆိုဖာပေါ်တွင်
ယုန်သွားနဲ့ သူ့ကိုလှမ်းပြုံးပြနေတဲ့ကောင်လေးကို
အရင် မျက်နှာချင်းဆိုင်လှမ်းတွေ့လိုက်ရတော့
သူ့မျက်နှာတင်းလိုက်မိသည်။

" ဦးဂျင် "

" မင်းကဘယ်လို.. "

ထိုကလေးက သူ့ကိုတွေ့တာနဲ့ သွားကြီးကြီးနှစ်ချောင်းကို
လှစ်ဟပြထားပြီး လက်ကို ဝှေ့ယမ်းပြနေသည်။

" ဆော့ဂျင် "

" အာ.. ဥက္ကဌဂျွန် "

သူကဝင်ဝင်ချင်း ထိုကောင်လေးကိုသာ
တန်းမြင်လိုက်ရလို့ နောက်ကျောပေးထိုင်နေတဲ့
ဥက္ကဌဂျွန်ကို သတိမထားမိဖြစ်သွားသည်။ ပြီးတော့ 
ထိုကောင်လေးအဖေက ဥက္ကဌဂျွန်ဆိုတာ သူခဏ
မေ့သွားတယ်။ ဆိုတော့ သူ့ဆီဘာလာလုပ်ကြတာလဲ!

သူအနားလျှောက်သွားလိုက်ပြီး ဥက္ကဌဂျွန်ကို
လက်ပေးနှုတ်ဆက်လိုက်သည်။ သူတို့နှုတ်ဆက်နေတုန်း
သူ့သားကပါ လက်ပေးနေတော့ သူဥက္ကဌဂျွန်မျက်နှာကြောင့်
ပြန်နှုတ်ဆက်လိုက်ရသည်။ ထိုအခါ ထိုအကောင်မျက်နှာက
ကျေနပ်ပြုံး ပြုံးနေပြီး လက်ကို တော်တော်နဲ့မလွှတ်ပေးဘဲ
ဖျစ်ညစ်ထားသည်။ သူမျက်နှာသေနဲ့ စိုက်ကြည့်လိုက်တော့မှ
ပြုံးစိစိလုပ်ပြီး လက်ကိုလွှတ်သွားသည်။

သူတို့ပြန်ထိုင်ကြမည်ပြင်တော့ ဂျွန်ဂျောင်ဂုက
သူ့ကို သူ့ဘေးတွင် နေရာဖယ်ပေးသည်။
သူနေရာတွေကို တစ်ချက်ကြည့်လိုက်ရင်း ရာထူးအရရော၊
အသက်အရရောကြောင့် ထိပ်ဆုံးခုံတွင် မထိုင်ချင်တာမလို့
ဂျွန်ဂျောင်ဂုဘေးတွင်သာ ဝင်ထိုင်လိုက်သည်။

U [✓]Where stories live. Discover now